• Follow Us on

Home ျပည္ပႏိုင္ငံမွ အိမ္တြင္းအသံုးျပဳပစၥည္းေဟာင္းမ်ား တင္သြင္းခြင့္ ျမန္မာအစိုးရကန္႔သတ္

ျပည္ပႏိုင္ငံမွ အိမ္တြင္းအသံုးျပဳပစၥည္းေဟာင္းမ်ား တင္သြင္းခြင့္ ျမန္မာအစိုးရကန္႔သတ္

Share this post

ျပည္ပႏိုင္ငံမွ အိမ္တြင္းအသံုးျပဳပစၥည္းေဟာင္းမ်ား တင္သြင္းခြင့္မျပဳေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

အဆိုပါ တင္သြင္းခြင့္မျပဳသည့္ အိမ္သံုးစက္ပစၥည္းမ်ားမွာ ေရခဲေသတၱာ၊ ေလေအးေပးစက္၊ အ၀တ္ေလွ်ာ္စက္၊ မိတၱဴကူးစက္၊ တီဗီြအစရွိသည့္ပစၥည္းမ်ားႏွင့္ ၎၏ကုန္ထုတ္လုပ္ငန္းတြင္ အသံုးျပဳရန္မဟုတ္ဘဲ စီးပြားျဖစ္ျပန္ လည္ေရာင္းခ်ရန္ ရည္ရြယ္ခ်က္ျဖင့္ တင္သြင္းမည့္ အသံုးျပဳၿပီးစက္ပစၥည္းမ်ားဟူ၍ ထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။

ဆက္လက္ၿပီး ေလွ်ာက္ထားသူသည္ တင္သြင္းလာသည့္ အသံုးျပဳၿပီးစက္ပစၥည္းမ်ားအား ေလွ်ာက္ထားခ်က္ပါ အခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိ၊မရွိကို စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနမွ စစ္ေဆးမႈကို ခံယူရမည္ျဖစ္ သည္။

အလားတူပင္ စစ္ေဆးခ်က္အရ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိလွ်င္ သက္ဆိုင္ရာ ဥပေဒ၊ စည္းမ်ဥ္း၊ လုပ္ ထံုးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး ဌာနမွ ေမလ ၁၄ ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ေမလ ၂၅ ရက္ေန႔တြင္လည္း ျပည္ပမွ တင္သြင္းခြင့္မျပဳသည့္ ကုန္ပစၥည္းမ်ားျဖစ္သည့္ ဘီယာ၊ စီးကရက္တို႔ကို တည္ဆဲဥပေဒအရ ကန္႔သတ္တားျမစ္ကုန္မ်ားအျဖစ္ ျပင္ဆင္သတ္မွတ္အမိန္႔တစ္ေစာင္အား ထုတ္ျပန္ေၾက ညာခဲ့သည္။

Photo – Credit

#PeopleMedia

(Unicode)
ပြည်ပနိုင်ငံမှ အိမ်တွင်းအသုံးပြုပစ္စည်းဟောင်းများ တင်သွင်းခွင့် မြန်မာအစိုးရကန့်သတ်
………………………………………………

ပြည်ပနိုင်ငံမှ အိမ်တွင်းအသုံးပြုပစ္စည်းဟောင်းများ တင်သွင်းခွင့်မပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ တင်သွင်းခွင့်မပြုသည့် အိမ်သုံးစက်ပစ္စည်းများမှာ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မိတ္တူကူးစက်၊ တီဗွီအစရှိသည့်ပစ္စည်းများနှင့် ၎င်း၏ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုရန်မဟုတ်ဘဲ စီးပွားဖြစ်ပြန် လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းမည့် အသုံးပြုပြီးစက်ပစ္စည်းများဟူ၍ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ဆက်လက်ပြီး လျှောက်ထားသူသည် တင်သွင်းလာသည့် အသုံးပြုပြီးစက်ပစ္စည်းများအား လျှောက်ထားချက်ပါ အချက်များနှင့် ကိုက်ညီမှုရှိ၊မရှိကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးမှုကို ခံယူရမည်ဖြစ် သည်။

အလားတူပင် စစ်ဆေးချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ မေလ ၁၄ နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ပါရှိသည်။

မေလ ၂၅ ရက်နေ့တွင်လည်း ပြည်ပမှ တင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ စီးကရက်တို့ကို တည်ဆဲဥပဒေအရ ကန့်သတ်တားမြစ်ကုန်များအဖြစ် ပြင်ဆင်သတ်မှတ်အမိန့်တစ်စောင်အား ထုတ်ပြန်ကြေ ညာခဲ့သည်။

Photo – Credit

#PeopleMedia


Share this post