• Follow Us on

Home ျပည္မပါတီႀကီးမ်ား လာေရာက္ယွဥ္ျပဳိင္ေသာ္လည္း ၂၀၂၀ ေရြးေကာက္ပြဲတြင္ ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ PNO ပါတီသာ အႏိုင္ရမည္ဟု ပါတီဒုဥကၠ႒ေျပာၾကား

ျပည္မပါတီႀကီးမ်ား လာေရာက္ယွဥ္ျပဳိင္ေသာ္လည္း ၂၀၂၀ ေရြးေကာက္ပြဲတြင္ ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ PNO ပါတီသာ အႏိုင္ရမည္ဟု ပါတီဒုဥကၠ႒ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္လ ၈

ျပည္မပါတီႀကီးမ်ား လာေရာက္ယွဥ္ျပဳိင္ေသာ္လည္း ၂၀၂၀ ေရြးေကာက္ပြဲတြင္ ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ PNO ပါတီသာ အႏိုင္ရမည္ဟု ပါတီဒုဥကၠ႒ ဦးခြန္ေမာင္ေသာင္းကေျပာၾကားလိုက္သည္။

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ၾသဂုတ္လ ၈ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ ပအို၀္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNOပါတီ ဒုဥကၠ႒ ဦးခြန္ေမာင္ေသာင္းကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္မပါတီေတြကလာျပဳိင္လာေတာ့မျပဳိင္နဲ႔လို႔ေျပာလို႔မွမရတာခ င္ဗ်။ဒါကဒီမိုကေရစီဆိုေတာ့ျပဳိင္မွာပါပဲ။ ဒါေပမဲ့ေနာက္ဆုံးမွာ PNO ပါတီပဲအႏိုင္ရတာပါ။အခုလာမဲ့ ၂၀၂၀ေရြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စား လွယ္ ေနရာ ၀င္ျပဳိင္ဖို႔ ၃၅ေနရာစီစဥ္ထားပါတယ္။ကြ်န္ေတာ္တို႔ အဓိက လႊတ္ေတာ္၀င္ခ်င္တာကေတာ့ ေဒသဖြံျဖဳိးေရးနဲ႔ ျပည္နယ္မွာ စီးပြားေရးေကာင္းဖို႔ အေသးစား ၊အလတ္စား စီးပြားေရးလုပ္ငန္းေတြေကာ င္းဖို႔ဦးတည္ပါတယ္’’ဟု ၎ကေျပာသည္။

ရွမ္းျပည္နယ္တြင္မဲေပးပိုင္ခြင့္ရွိသူ၃၅သိန္းေက်ာ္ရွိၿပီး ၂၀၁၅ေရြးေကာက္ပြဲထက္ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၄ သိန္း ေက်ာ္တိုးလာေၾကာင္းေကာ္မရွင္မွသိရသည္။

“အဓိက ကြ်န္ေတာ္တို႔ အေျခအေနေကာင္းတာ ဟိုပုံး၊ဆီဆိုင္၊ေတာင္ႀကီး၊ပင္ေလာင္းေပါ့။ ျပည္နယ္အဆင့္ ေတြကို ကြ်န္ေတာ္တို႔ အဓိကျပဳိင္ပါတယ္။၂၀၁၅ ေရြးေကာက္ပြဲမွာ ျပည္သူက၃ေယာက္ ၊တိုင္းနဲ႔ျပည္နယ္က ၆ေယာက္၊ အမ်ိဳးသားက၁ေယာက္ လႊတ္ေတာ္ေနရာအႏိုင္ရရွိခဲ့ပါတယ္’’ဟု PNO ဒုဥကၠ႒ ဦးခြန္ေမာင္ ေသာင္းကထပ္မံေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ရွမ္းျပည္နယ္တြင္ ရပ္ေက်း သီးသန္႔လ်ာထားမဲ႐ုံ ၃၄၇၉၊ တပ္ျပင္ပ တပ္မဲ႐ုံ သီးသန္႔ ၁၂၈႐ုံ၊ ရပ္ေက်းပူးတြဲမဲ႐ုံ ၆၉႐ုံ စုစုေပါင္းမဲ႐ုံ ၃၆၇၆႐ုံလ်ာထားေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ပြည်မပါတီကြီးများ လာရောက်ယှဉ်ပြိုင်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီသာ အနိုင်ရမည်ဟု ပါတီဒုဥက္ကဋ္ဌပြောကြား
……………………………………………………

ရန်ကုန်၊ ဩဂုတ်လ ၈

ပြည်မပါတီကြီးများ လာရောက်ယှဉ်ပြိုင်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီသာ အနိုင်ရမည်ဟု ပါတီဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းကပြောကြားလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဩဂုတ်လ ၈ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNOပါတီ ဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်မပါတီတွေကလာပြိုင်လာတော့မပြိုင်နဲ့လို့ပြောလို့မှမရတာခ င်ဗျ။ဒါကဒီမိုကရေစီဆိုတော့ပြိုင်မှာပါပဲ။ ဒါပေမဲ့နောက်ဆုံးမှာ PNO ပါတီပဲအနိုင်ရတာပါ။အခုလာမဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စား လှယ် နေရာ ဝင်ပြိုင်ဖို့ ၃၅နေရာစီစဉ်ထားပါတယ်။ကျွန်တော်တို့ အဓိက လွှတ်တော်ဝင်ချင်တာကတော့ ဒေသဖွံဖြိုးရေးနဲ့ ပြည်နယ်မှာ စီးပွားရေးကောင်းဖို့ အသေးစား ၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကော င်းဖို့ဦးတည်ပါတယ်’’ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်တွင်မဲပေးပိုင်ခွင့်ရှိသူ၃၅သိန်းကျော်ရှိပြီး ၂၀၁၅ရွေးကောက်ပွဲထက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ သိန်း ကျော်တိုးလာကြောင်းကော်မရှင်မှသိရသည်။

“အဓိက ကျွန်တော်တို့ အခြေအနေကောင်းတာ ဟိုပုံး၊ဆီဆိုင်၊တောင်ကြီး၊ပင်လောင်းပေါ့။ ပြည်နယ်အဆင့် တွေကို ကျွန်တော်တို့ အဓိကပြိုင်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူက၃ယောက် ၊တိုင်းနဲ့ပြည်နယ်က ၆ယောက်၊ အမျိုးသားက၁ယောက် လွှတ်တော်နေရာအနိုင်ရရှိခဲ့ပါတယ်’’ဟု PNO ဒုဥက္ကဋ္ဌ ဦးခွန်မောင် သောင်းကထပ်မံပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက်ရှမ်းပြည်နယ်တွင် ရပ်ကျေး သီးသန့်လျာထားမဲရုံ ၃၄၇၉၊ တပ်ပြင်ပ တပ်မဲရုံ သီးသန့် ၁၂၈ရုံ၊ ရပ်ကျေးပူးတွဲမဲရုံ ၆၉ရုံ စုစုပေါင်းမဲရုံ ၃၆၇၆ရုံလျာထားကြောင်းသိရသည်။

#PeopleMedia


Share this post