• Follow Us on

Home ျပည္သူမ်က္ႏွာတစ္ခ်က္ညႇိဳးတာနဲ႔ လႊတ္ေတာ္ေတြထဲမွာ သိကၡာမဲ့စြာ ေပကပ္ေနမယ့္ လူစားမ်ိဳးေတြ မဟုတ္ေၾကာင္း NDF ပါတီဥကၠ႒၏ မဲဆြယ္မိန္႔ခြန္းကို ႏိုင္ငံပိုင္႐ုပ္သံ ျဖတ္ေတာက္

ျပည္သူမ်က္ႏွာတစ္ခ်က္ညႇိဳးတာနဲ႔ လႊတ္ေတာ္ေတြထဲမွာ သိကၡာမဲ့စြာ ေပကပ္ေနမယ့္ လူစားမ်ိဳးေတြ မဟုတ္ေၾကာင္း NDF ပါတီဥကၠ႒၏ မဲဆြယ္မိန္႔ခြန္းကို ႏိုင္ငံပိုင္႐ုပ္သံ ျဖတ္ေတာက္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၇
 
ျပည္သူမ်က္ႏွာတစ္ခ်က္ညႇိဳးတာနဲ႔ လႊတ္ေတာ္ေတြထဲမွာ သိကၡာမဲ့စြာ ေပကပ္ေနမယ့္ လူစားမ်ိဳးေတြမဟုတ္ ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားပါတီ(NDF) ဥကၠဌ ဦးခင္ေမာင္ေဆြ၏ ေဟာေျပာခ်က္ပါ၀င္သည့္ မဲဆြယ္မိန္႔ခြန္းကို ႏိုင္ငံပိုင္႐ုပ္သံမွ ျဖတ္ေတာက္လိုက္ပါတယ္။
 
အဆိုပါျဖတ္ေတာက္ခံရသည့္ မိန္႔ခြန္းပါအခ်က္အခ်ိဳ႕မွာ “ယခုအခါတြင္ ျပင္ပ ပေယာဂေတြစြက္ဖက္လာ ၿပီျဖစ္တဲ့အတြက္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ၾကန္႔ၾကာေနမယ္ဆိုရင္ အခ်ဳပ္အျခာအာဏာ တည္တံ့ေရးဟာ ရင္ေလးစရာျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ျပည္နယ္ေတြမွာ ဖက္ဒရယ္စနစ္နဲ႔ကိုက္ညီတဲ့ သယံ ဇာတအက်ိဳးအျမတ္ခံစားခြင့္ရရွိေရး၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရရွိေရး၊ အမ်ိဳး သားတန္းတူေရး၊ တစ္မ်ိဳးသားလုံး ညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ေဖာ္ ေဆာင္ႏိုင္မယ့္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရမ်ိဳးကို ရေအာင္ေရြးခ်ယ္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေနာင္အခါ ဖက္ဒရယ္ဆိုင္ရာအေျခခံ ဥပေဒျပန္ေရးဆြဲတဲ့အခါ အမ်ိဳးသားညီၫြတ္ေရးကို ေရွ႕ရႈၿပီး အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္သူ့လႊတ္ေတာ္၊ လႊတ္ေတာ္ႏွစ္ရပ္သာ ရွိသင့္ ေၾကာင္း ေျပာလိုပါတယ္”ဟု ေရးသားေဖာ္ျပထားသည္။
 
ဆက္လက္ၿပီး “ျမန္မာ့အခ်ဳပ္အျခာအာဏာကို ပထဝီႏိုင္ငံေရး၊ ပထဝီစီးပြားေရးအေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႔ ထိပါးမႈကို ကာကြယ္ႏိုင္ရပါမယ္။ ဒါေၾကာင့္ ျပည္သူေတြဟာ ခိုင္မာျပတ္သားၿပီး ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ မယ့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရမ်ိဳးကို ေရြးခ်ယ္ၾကဖို႔ တိုက္တြန္းတိုက္ခ်င္ပါတယ္”ဟုလည္း ပါရွိသည္။
 
ထို႔အျပင္ ၎တို႔အေနႏွင့္ “လယ္လုပ္ရင္း ထမင္းငတ္ေနတဲ့ လယ္သမားေတြကို လ်စ္လ်ဴရႈထားရမွာလား။ ျပည္သူကိုလယ္ စိုက္ေကြၽးၿပီး ႏိုင္ငံ့ဘ႑ာရွာေပးေနတဲ့ လယ္သမားေတြကို လ်စ္လ်ဴရႈမထားႏိုင္ပါဘူး”ဟုဆို သည့္ အခ်က္ငါးခ်က္ကို ျဖတ္ေတာက္ခံရျခင္းျဖစ္သည္။
 
လက္ရွိ COVID-19 ကာလတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆြယ္စည္း႐ုံးရန္အတြက္ ခက္ခဲလ်က္ရွိၿပီး ပါတီ ေခါင္းေဆာင္မ်ားအေနျဖင့္ ႐ုပ္ျမင္သံၾကားအစီအစဉ္တြင္ ယခုလိုမဲဆြယ္မိန္႔ခြန္း ေျပာၾကားမႈအစီအစဉ္မ်ား ျပဳ လုပ္လ်က္ရွိသည္။
 
#PeopleMedia #NDF #2020elelction #ဦးခင္ေမာင္ေဆ
 
(unicode)
ပြည်သူမျက်နှာတစ်ချက်ညှိုးတာနဲ့ လွှတ်တော်တွေထဲမှာ သိက္ခာမဲ့စွာ ပေကပ်နေမယ့် လူစားမျိုးတွေ မဟုတ်ကြောင်း NDF ပါတီဥက္ကဋ္ဌ၏ မဲဆွယ်မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်သံ ဖြတ်တောက်
……………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၁၇
 
ပြည်သူမျက်နှာတစ်ချက်ညှိုးတာနဲ့ လွှတ်တော်တွေထဲမှာ သိက္ခာမဲ့စွာ ပေကပ်နေမယ့် လူစားမျိုးတွေမဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီအင်အားပါတီ(NDF) ဥက္ကဌ ဦးခင်မောင်ဆွေ၏ ဟောပြောချက်ပါဝင်သည့် မဲဆွယ်မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်သံမှ ဖြတ်တောက်လိုက်ပါတယ်။
 
အဆိုပါဖြတ်တောက်ခံရသည့် မိန့်ခွန်းပါအချက်အချို့မှာ “ယခုအခါတွင် ပြင်ပ ပယောဂတွေစွက်ဖက်လာ ပြီဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြန့်ကြာနေမယ်ဆိုရင် အချုပ်အခြာအာဏာ တည်တံ့ရေးဟာ ရင်လေးစရာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်နယ်တွေမှာ ဖက်ဒရယ်စနစ်နဲ့ကိုက်ညီတဲ့ သယံ ဇာတအကျိုးအမြတ်ခံစားခွင့်ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေး၊ အမျိုး သားတန်းတူရေး၊ တစ်မျိုးသားလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော် ဆောင်နိုင်မယ့် အမျိုးသား ညီညွတ်ရေးအစိုးရမျိုးကို ရအောင်ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ နောင်အခါ ဖက်ဒရယ်ဆိုင်ရာအခြေခံ ဥပဒေပြန်ရေးဆွဲတဲ့အခါ အမျိုးသားညီညွတ်ရေးကို ရှေ့ရှုပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်သာ ရှိသင့် ကြောင်း ပြောလိုပါတယ်”ဟု ရေးသားဖော်ပြထားသည်။
 
ဆက်လက်ပြီး “မြန်မာ့အချုပ်အခြာအာဏာကို ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအကြောင်းပြချက် အမျိုးမျိုးနဲ့ ထိပါးမှုကို ကာကွယ်နိုင်ရပါမယ်။ ဒါကြောင့် ပြည်သူတွေဟာ ခိုင်မာပြတ်သားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မယ့် အမျိုးသားညီညွတ်ရေးအစိုးရမျိုးကို ရွေးချယ်ကြဖို့ တိုက်တွန်းတိုက်ချင်ပါတယ်”ဟုလည်း ပါရှိသည်။
 
ထို့အပြင် ၎င်းတို့အနေနှင့် “လယ်လုပ်ရင်း ထမင်းငတ်နေတဲ့ လယ်သမားတွေကို လျစ်လျူရှုထားရမှာလား။ ပြည်သူကိုလယ် စိုက်ကျွေးပြီး နိုင်ငံ့ဘဏ္ဍာရှာပေးနေတဲ့ လယ်သမားတွေကို လျစ်လျူရှုမထားနိုင်ပါဘူး”ဟုဆို သည့် အချက်ငါးချက်ကို ဖြတ်တောက်ခံရခြင်းဖြစ်သည်။
 
လက်ရှိ COVID-19 ကာလတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရန်အတွက် ခက်ခဲလျက်ရှိပြီး ပါတီ ခေါင်းဆောင်များအနေဖြင့် ရုပ်မြင်သံကြားအစီအစဉ်တွင် ယခုလိုမဲဆွယ်မိန့်ခွန်း ပြောကြားမှုအစီအစဉ်များ ပြု လုပ်လျက်ရှိသည်။
 
#PeopleMedia #NDF #2020elelction #ဦးခင်မောင်ဆွေ

Share this post