• Follow Us on

Home ျပည္သူမ်ားကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ထိုးေပးမည့္ ဥပေဒၾကမ္း ဂ်ပန္လႊတ္ေတာ္ အတည္ျပဳ

ျပည္သူမ်ားကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ထိုးေပးမည့္ ဥပေဒၾကမ္း ဂ်ပန္လႊတ္ေတာ္ အတည္ျပဳ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ-၃
ဗဟိုအစိုးရ၏ ကုန္က်စရိတ္က်ခံမႈျဖင့္ ျပည္သူမ်ားအား အခမဲ့ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထိုးေပး မည့္ ဥပေဒၾကမ္းကို ဂ်ပန္လႊတ္ေတာ္က အတည္ျပဳလိုက္ၿပီျဖစ္သည္။
ယေန႔ အထက္လႊတ္ေတာ္၌ အတည္ျပဳလိုက္သည့္ အဆိုပါဥပေဒၾကမ္းကို အာဏာတည္လာေစရန္ ပို၍ ၾသဇာႀကီးမားေသာ ေအာက္လႊတ္ေတာ္က အတည္ျပဳရအုံးမည္ျဖစ္သည္။
ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လာမႈေၾကာင့္ ေဘးအသင့္ဆုံးေဒသမ်ားရွိ ဘားမ်ား၊ စားေသာက္ဆိုင္ မ်ား ပိတ္ထားရန္ ဝန္ႀကီးခ်ဳပ္ ဆူဂါအား ခရီးသြားလာမႈ မက္လုံးေပးသည့္အစီအစဥ္ ဆိုင္းငံ့ရန္ ေတာင္းဆိုမႈမ်ား ရွိေနစဥ္ ဥပေဒၾကမ္းကို အတည္ျပဳလိုက္ျခင္းျဖစ္သည္။
ဂ်ပန္နိုင္ငံ၏ ကိုဗစ္ေရာဂါေၾကာင့္ လူေသဆုံးမႈႏႈန္းက G7 အဖြဲ႕ဝင္နိုင္ငံမ်ားတြင္ အနိမ့္ဆုံးျဖစ္ေသာ္ လည္း ဧၿပီႏွင့္ ဇြန္လအတြင္း အဆိုးရြားဆုံး စီးပြားေရးက်ဆင္းမႈ ၾကဳံေတြ႕ခဲ့ရသည္။
လာမည့္ႏွစ္ဝက္မတိုင္မီ ဂ်ပန္ျပည္သူမ်ားအတြက္ ကိုဗစ္ကာကြယ္ေဆး အလုံအေလာက္ရရွိရန္ ဝယ္ယူ မည္ဟု ဆူဂါက ေျပာၾကားခဲ့ေသာ္လည္း ဂ်ပန္နိုင္ငံ၌ေနထိုင္သည့္ နိုင္ငံျခားသား မ်ားအတြက္ ကာကြယ္ေဆး အစီအစဥ္ အက်ဳံးဝင္ျခင္း ရွိ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးေပ။
ယေန႔ အတည္ျပဳလိုက္သည့္ ဥပေဒၾကမ္းအရ ကိုဗစ္ကာကြယ္ေဆးထိုးရာတြင္ က်န္းမာေရးျပႆနာမ်ား ျဖစ္ပြား၍ ဆုံးရႈံးမႈမ်ားအတြက္ အစိုးရက ပုဂၢလိကကုမၸဏီမ်ားကို ေလ်ာ္ေၾကးေပးရမည္ျဖစ္သည္။
ဂ်ပန္နိုင္ငံက ကိုဗစ္ကာကြယ္ေဆးမ်ား ဝယ္ယူရန္ Modern Inc ႏွင့္ သေဘာတူညီခ်က္ လက္မွတ္ေရး ထိုးခဲ့ၿပီး AstraZeneca Plc ၊ Pfizer Inc တို႔ႏွင့္ သေဘာတူညီမႈမ်ား ရရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။
ဂ်ပန္နိုင္ငံ၌ ဗိုင္းရပ္စ္ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္ေနာက္ပိုင္း စုစုေပါင္း လူ ၂၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ႏွိုင္းယွဥ္ၾကည့္ပါက အေမရိကန္နိုင္ငံတြင္ ကိုဗစ္ေရာဂါေၾကာင့္ တစ္ရက္လ်င္ လူ ၁၅၀၀ ခန္႔ ေသဆုံးခဲ့သည္။
ကိုးကား – စထရိတ္တိုင္းမ္
Ref; Japan Parliament passes Bill to provide free Covid-19 vaccinations
(unicode)
ပြည်သူများကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် ဥပဒေကြမ်း ဂျပန်လွှတ်တော် အတည်ပြု
……………………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ-၃
ဗဟိုအစိုးရ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ပြည်သူများအား အခမဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး မည့် ဥပဒေကြမ်းကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။
ယနေ့ အထက်လွှတ်တော်၌ အတည်ပြုလိုက်သည့် အဆိုပါဥပဒေကြမ်းကို အာဏာတည်လာစေရန် ပို၍ သြဇာကြီးမားသော အောက်လွှတ်တော်က အတည်ပြုရအုံးမည်ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ဘေးအသင့်ဆုံးဒေသများရှိ ဘားများ၊ စားသောက်ဆိုင် များ ပိတ်ထားရန် ဝန်ကြီးချုပ် ဆူဂါအား ခရီးသွားလာမှု မက်လုံးပေးသည့်အစီအစဉ် ဆိုင်းငံ့ရန် တောင်းဆိုမှုများ ရှိနေစဉ် ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ ကိုဗစ်ရောဂါကြောင့် လူသေဆုံးမှုနှုန်းက G7 အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သော် လည်း ဧပြီနှင့် ဇွန်လအတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့ရသည်။
လာမည့်နှစ်ဝက်မတိုင်မီ ဂျပန်ပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရရှိရန် ဝယ်ယူ မည်ဟု ဆူဂါက ပြောကြားခဲ့သော်လည်း ဂျပန်နိုင်ငံ၌နေထိုင်သည့် နိုင်ငံခြားသား များအတွက် ကာကွယ်ဆေး အစီအစဉ် အကျုံးဝင်ခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယနေ့ အတည်ပြုလိုက်သည့် ဥပဒေကြမ်းအရ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးပြဿနာများ ဖြစ်ပွား၍ ဆုံးရှုံးမှုများအတွက် အစိုးရက ပုဂ္ဂလိကကုမ္ပဏီများကို လျော်ကြေးပေးရမည်ဖြစ်သည်။
ဂျပန်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရန် Modern Inc နှင့် သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့ပြီး AstraZeneca Plc ၊ Pfizer Inc တို့နှင့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ဂျပန်နိုင်ငံ၌ ဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း စုစုပေါင်း လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး နှိုင်းယှဉ်ကြည့်ပါက အမေရိကန်နိုင်ငံတွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်လျင် လူ ၁၅၀၀ ခန့် သေဆုံးခဲ့သည်။
ကိုးကား – စထရိတ်တိုင်းမ်
Ref; Japan Parliament passes Bill to provide free Covid-19 vaccinations


Share this post