• Follow Us on

Home ျပည္သူမ်ားကို ဒုတိယအႀကိမ္ အလုပ္အေကၽြးျပဳခြင့္ရရွိမႈေၾကာင့္ မ်က္ရည္က်ခဲ့သည့္ ေက်ာက္တံတားၿမိဳ႕ NLD အမတ္

ျပည္သူမ်ားကို ဒုတိယအႀကိမ္ အလုပ္အေကၽြးျပဳခြင့္ရရွိမႈေၾကာင့္ မ်က္ရည္က်ခဲ့သည့္ ေက်ာက္တံတားၿမိဳ႕ NLD အမတ္

Share this post

ရန္ကုန္၊ နိ္ု၀င္ဘာ ၁၀

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ထပ္မံေရြးခ်ယ္ခံရၿပီး ဒုတိယအႀကိမ္ ျပည္သူမ်ားကို အလုပ္အေကၽြးျပဳခြင့္ရရွိမႈေၾကာင့္ ဝမ္းသာမ်က္ရည္က်ခဲ့ရတယ္လို႔ ေက်ာက္တံ တားၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ခံရသူ ဦးေနမ်ဳိးထက္(NLD)က ေျပာပါတယ္။

ဦးေနမ်ိဳးထက္သည္ ၂၀၁၅ ေရြးေကာက္ပဲြ၌ ေက်ာက္တံတားၿမိဳ႕နယ္ ကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္း ေဆာင္ခြင့္ရရွိခဲ့သူျဖစ္သလို ၂၀၂၀ ေရြးေကာက္ပြဲ၌ ထပ္မံ၍ ေရြးခ်ယ္ခံခဲ့ရပါတယ္။

“အဲ့ေန႔ကကၽြန္ေတာ္ မ်က္ရည္က်တယ္ဆိုတာ ၀မ္းသာလို႔က်တာပါ။ မဲရလဒ္ေတြကို ေတြ႕ရတယ္ေပါ့ေနာ္။ အဓိကက ေက်ာက္တံတားပါ ေက်ာက္တံတားမွာဆိုရင္ ကၽြန္ေတာ္တို႔မဲရလဒ္က ျပည္သူေတြဟာ ကၽြန္ ေတာ္ဆိုရင္ ၈၀ % ေက်ာ္မဲေပးၾကတယ္။ ၿပီးေတာ့ COVID -19 ကိုေတာင္မေၾကာက္ၾကပဲနဲ႔ အံတုၿပီးေတာ့ မဲေပးၾကတယ္စည္းစည္းလံုးလံုးရွိၾကတယ္။ ျပည္သူေတြဘက္က ကၽြန္ေတာ္တို႔အေပၚ ဒီေလာက္အားေပးတဲ့ အတြက္ ၀မ္းသာတဲ့မ်က္ရည္က်တာပါ” လို႔ ဦးေနမ်ဳိးထက္က ေျပာပါတယ္။

ဆက္လက္ၿပီး ၎က “ေနာက္တစ္ခုက ျပည္သူေတြလိုခ်င္သေလာက္ကိုလုပ္ေပးရမွာျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕ ကိစၥေတြၾကေတာ့လဲ ျပည္သူေတြကအမ်ားႀကီးမွန္းၿပီး ကၽြန္ေတာ္တို႔က ၈၀% ေလာက္ထိပဲလုပ္ေပးႏိုင္တယ္။ လုပ္ေနတာပဲေလ ဒါေပမယ္ ၁၀၀% မလုပ္ေပးႏိ္ုင္မွာလဲ စိတ္ထဲပူပန္မိတယ္။ ဘာလို႔ဆိုရင္တစ္ခ်ိဳ႕ကိစၥေတြ ၾကေတာ့ ကၽြန္ေတာ္တို႔ႏိုင္ငံကပိုက္ဆံမရွိတဲ့အတြက္ တစ္ခါတစ္ေလၾကရင္လုပ္ခ်င္တိုင္းလုပ္မရဘူး၊ ေနာက္က ဘက္ဂ်တ္ဆိုတာပါတယ္ေလ။ အခုငိုတာကလဲ သက္သက္ငိုတာလဲမဟုတ္ပါဘူး၊ သက္သက္နာမည္ႀကီးခ်င္လို႔ လဲမဟုတ္ပါဘူး ျပည္သူေတြစည္း႐ုံးတယ္ေရာဂါေတြရွိတာေတာင္ တက္တက္ႂကြႂကြရွိတဲ့အတြက္ ၀မ္းသာတဲ့ မ်က္ရည္ပါ ”ဟု ဦးေနမ်ိဳးထက္က ဆက္လက္ေျပာပါတယ္။

#PeopleMedia #ဦးေနမ်ဳိးထက္ #ေက်ာက္တံတားၿမိဳ႕ #NLD

(unicode)
ပြည်သူများကို ဒုတိယအကြိမ် အလုပ်အကျွေးပြုခွင့်ရရှိမှုကြောင့် မျက်ရည်ကျခဲ့သည့် ကျောက်တံတားမြို့ NLD အမတ်
………………………………………………….

ရန်ကုန်၊ နိ်ုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရပြီး ဒုတိယအကြိမ် ပြည်သူများကို အလုပ်အကျွေးပြုခွင့်ရရှိမှုကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတယ်လို့ ကျောက်တံ တားမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးနေမျိုးထက်(NLD)က ပြောပါတယ်။

ဦးနေမျိုးထက်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရရှိခဲ့သူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ၌ ထပ်မံ၍ ရွေးချယ်ခံခဲ့ရပါတယ်။

“အဲ့နေ့ကကျွန်တော် မျက်ရည်ကျတယ်ဆိုတာ ဝမ်းသာလို့ကျတာပါ။ မဲရလဒ်တွေကို တွေ့ရတယ်ပေါ့နော်။ အဓိကက ကျောက်တံတားပါ ကျောက်တံတားမှာဆိုရင် ကျွန်တော်တို့မဲရလဒ်က ပြည်သူတွေဟာ ကျွန် တော်ဆိုရင် ၈၀ % ကျော်မဲပေးကြတယ်။ ပြီးတော့ COVID -19 ကိုတောင်မကြောက်ကြပဲနဲ့ အံတုပြီးတော့ မဲပေးကြတယ်စည်းစည်းလုံးလုံးရှိကြတယ်။ ပြည်သူတွေဘက်က ကျွန်တော်တို့အပေါ် ဒီလောက်အားပေးတဲ့ အတွက် ဝမ်းသာတဲ့မျက်ရည်ကျတာပါ” လို့ ဦးနေမျိုးထက်က ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “နောက်တစ်ခုက ပြည်သူတွေလိုချင်သလောက်ကိုလုပ်ပေးရမှာဖြစ်တဲ့အတွက် တစ်ချို့ ကိစ္စတွေကြတော့လဲ ပြည်သူတွေကအများကြီးမှန်းပြီး ကျွန်တော်တို့က ၈၀% လောက်ထိပဲလုပ်ပေးနိုင်တယ်။ လုပ်နေတာပဲလေ ဒါပေမယ် ၁၀၀% မလုပ်ပေးနိ်ုင်မှာလဲ စိတ်ထဲပူပန်မိတယ်။ ဘာလို့ဆိုရင်တစ်ချို့ကိစ္စတွေ ကြတော့ ကျွန်တော်တို့နိုင်ငံကပိုက်ဆံမရှိတဲ့အတွက် တစ်ခါတစ်လေကြရင်လုပ်ချင်တိုင်းလုပ်မရဘူး၊ နောက်က ဘက်ဂျတ်ဆိုတာပါတယ်လေ။ အခုငိုတာကလဲ သက်သက်ငိုတာလဲမဟုတ်ပါဘူး၊ သက်သက်နာမည်ကြီးချင်လို့ လဲမဟုတ်ပါဘူး ပြည်သူတွေစည်းရုံးတယ်ရောဂါတွေရှိတာတောင် တက်တက်ကြွကြွရှိတဲ့အတွက် ဝမ်းသာတဲ့ မျက်ရည်ပါ ”ဟု ဦးနေမျိုးထက်က ဆက်လက်ပြောပါတယ်။

#PeopleMedia #ဦးနေမျိုးထက် #ကျောက်တံတားမြို့ #NLD


Share this post