• Follow Us on
Latest News

Home ျပည္သူမ်ားမွာ ဥပေဒႏွင့္ပတ္သက္ၿပီး အျမင္ေစာင္းကာ ဖိႏွိပ္ဖို႔ပဲ ထင္ၾကေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာဆို

ျပည္သူမ်ားမွာ ဥပေဒႏွင့္ပတ္သက္ၿပီး အျမင္ေစာင္းကာ ဖိႏွိပ္ဖို႔ပဲ ထင္ၾကေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာဆို

Share this post

ရန္ကုန္၊ ဧၿပီ – ၂၂

ျပည္သူမ်ားမွာ ဥပေဒႏွင့္ပတ္သက္ၿပီး အျမင္ေစာင္းကာ ဖိႏွိပ္ဖို႔ပဲထင္ၾကေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားသည္။ ယေန႔နံနက္ပိုင္းတြင္ ျပဳလုပ္သည့္ COVID-19 ကာလတြင္ စက္႐ံု၊ အလုပ္႐ံုမ်ား၊ အလုပ္သမားမ်ား၏အေရး ကိစၥမ်ားႏွင့္စပ္လ်ဥ္း၍ အျပန္အလွန္ေဆြးေႏြးရာတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အလုပ္ရွင္၊ အလုပ္သမားကိစၥႏွင့္ပတ္သက္ၿပီး ဥပေဒဆိုတာဟာ ကၽြန္မတို႔ႏိုင္ငံမွာဆိုရင္ ဥပေဒနဲ႔ပတ္သက္ၿပီး အျမင္ေစာင္းေနတာၾကာပါၿပီ။ ဘာလို႔လည္းဆို ရင္ ဒီမိုကေရစီမရခဲ့တဲ့ ေခတ္ကတည္းကစၿပီးေတာ့ သိပ္ၾကာတဲ့အခါက်ေတာ့ ဥပေဒဆိုတာ ျပည္သူလူထုကို ဖိႏွိပ္ဖို႔လို႔ပဲ ထင္ၾကတယ္။ တရားဥပေဒစိုးမိုးေရးဆို တာ ဟိုဘက္ဒီဘက္မွ်တေအာင္လို႔။ အဲဒါနဲ႔ပတ္သက္လို႔ ကၽြန္မတို႔ၫႊန္ၾကားခ်က္ ထုတ္ထားပါၿပီ။ ဥပေဒခ်ဳိး ေဖာက္ရင္ ထိထိေရာက္အေရးယူပါမယ္”ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာ သည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ၎မွ NLD ကိုစၿပီးေတာ့ ထူေထာင္ကတည္းက ပါတီရဲ႕မူဝါဒတစ္ခုကိုက တရားဥပေဒ စိုးမိုးေရး၊ တရားဥပေဒစိုးမိုးေရးလို႔ ဘာလို႔ေျပာခဲ့လည္းဆိုရင္ ဒီႏိုင္ငံမွာ ေအးခ်မ္းသာယာဖို႔၊ ဒီႏိုင္ငံမွာ တည္ၿငိမ္ တိုးတက္ဖို႔ဆိုရင္ တရားဥပေဒစိုးမိုးေရးလိုတယ္။ တရားဥပေဒေနာ္ တရားတဲ့ဥပေဒပဲျဖစ္ရမယ္။ တရားမွ်တတဲ့ ဥပေဒပဲျဖစ္ရမယ္။ ဥပေဒမတရားရင္ ဘယ္လိုလုပ္မလဲ၊ ျပန္ျပင္ယူရမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

၎အေနႏွင့္ အစိုးရမွ ထုတ္ျပန္ခ်က္မ်ား မရွင္းလင္းသည့္ကိစၥႏွင့္ COVID 19 ေၾကာင့္ စက္႐ံု၊ အလုပ္႐ံုမ်ား၊ အလုပ္ဌာနမ်ားအား စစ္ေဆးၿပီးမွ ခြင့္ျပဳေပးမည့္ဆိုသည့္ ေၾကညာခ်က္အား အခ်ိန္ကပ္ၿပီးမွ အစိုးရမွထုတ္ျပန္ သည့္အေပၚ ေတာင္းပန္ေၾကာင္း ေဆြးေႏြးရာတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားခဲ့သည္။ အလားတူ COVID 19 ေရာဂါႏွင့္ပတ္သက္ၿပီး ဧၿပီ ၂၁ ရက္ေန႔သည္ တစ္လျပည့္ၿပီျဖစ္ၿပီး ေရာဂါျဖစ္ပြားမႈ သည္ ရန္ကုန္ၿမိဳ႕သည္ အမ်ားဆံုးျဖစ္ကာ နယ္စပ္မွျပန္လာသူမ်ားမွာ အထူးစိုးရိမ္ရေၾကာင္းႏွင့္ ႏိုင္ငံေတာ္ အေနႏွင့္ တတ္ႏိုင္သမွ်စီစဥ္ထားၿပီးျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

#PeopleMedia

Photo – Credit

(Unicode)
ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲ ထင်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပြောဆို
………………………………………………………

ရန်ကုန်၊ ဧပြီ – ၂၂

ပြည်သူများမှာ ဥပဒေနှင့်ပတ်သက်ပြီး အမြင်စောင်းကာ ဖိနှိပ်ဖို့ပဲထင်ကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏အရေး ကိစ္စများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်၊ အလုပ်သမားကိစ္စနှင့်ပတ်သက်ပြီး ဥပဒေဆိုတာဟာ ကျွန်မတို့နိုင်ငံမှာဆိုရင် ဥပဒေနဲ့ပတ်သက်ပြီး အမြင်စောင်းနေတာကြာပါပြီ။ ဘာလို့လည်းဆို ရင် ဒီမိုကရေစီမရခဲ့တဲ့ ခေတ်ကတည်းကစပြီးတော့ သိပ်ကြာတဲ့အခါကျတော့ ဥပဒေဆိုတာ ပြည်သူလူထုကို ဖိနှိပ်ဖို့လို့ပဲ ထင်ကြတယ်။ တရားဥပဒေစိုးမိုးရေးဆို တာ ဟိုဘက်ဒီဘက်မျှတအောင်လို့။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မတို့ညွှန်ကြားချက် ထုတ်ထားပါပြီ။ ဥပဒေချိုး ဖောက်ရင် ထိထိရောက်အရေးယူပါမယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းမှ NLD ကိုစပြီးတော့ ထူထောင်ကတည်းက ပါတီရဲ့မူဝါဒတစ်ခုကိုက တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးလို့ ဘာလို့ပြောခဲ့လည်းဆိုရင် ဒီနိုင်ငံမှာ အေးချမ်းသာယာဖို့၊ ဒီနိုင်ငံမှာ တည်ငြိမ် တိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးလိုတယ်။ တရားဥပဒေနော် တရားတဲ့ဥပဒေပဲဖြစ်ရမယ်။ တရားမျှတတဲ့ ဥပဒေပဲဖြစ်ရမယ်။ ဥပဒေမတရားရင် ဘယ်လိုလုပ်မလဲ၊ ပြန်ပြင်ယူရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းအနေနှင့် အစိုးရမှ ထုတ်ပြန်ချက်များ မရှင်းလင်းသည့်ကိစ္စနှင့် COVID 19 ကြောင့် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများအား စစ်ဆေးပြီးမှ ခွင့်ပြုပေးမည့်ဆိုသည့် ကြေညာချက်အား အချိန်ကပ်ပြီးမှ အစိုးရမှထုတ်ပြန် သည့်အပေါ် တောင်းပန်ကြောင်း ဆွေးနွေးရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ အလားတူ COVID 19 ရောဂါနှင့်ပတ်သက်ပြီး ဧပြီ ၂၁ ရက်နေ့သည် တစ်လပြည့်ပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှု သည် ရန်ကုန်မြို့သည် အများဆုံးဖြစ်ကာ နယ်စပ်မှပြန်လာသူများမှာ အထူးစိုးရိမ်ရကြောင်းနှင့် နိုင်ငံတော် အနေနှင့် တတ်နိုင်သမျှစီစဉ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

#PeopleMedia

Photo – Credit


Share this post