• Follow Us on

Home ျပည္သူမ်ားမွ အာဏာအပ္ႏွင္းလွ်င္ Sex Education ကို အထက္တန္းသင္႐ုိးမွ ခ်က္ခ်င္းပယ္ဖ်က္ႏိုင္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ေျပာ

ျပည္သူမ်ားမွ အာဏာအပ္ႏွင္းလွ်င္ Sex Education ကို အထက္တန္းသင္႐ုိးမွ ခ်က္ခ်င္းပယ္ဖ်က္ႏိုင္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ေမ ၂၃

ျပည္သူမ်ားမွ ေထာက္ခံေပးအပ္သည့္ အာဏာရရွိသည္ႏွင့္ လာမည့္ပညာသင္ႏွစ္ အထက္တန္းသင္႐ိုးတြင္ ထည့္သြင္းသင္ၾကားမည့္ Sex Education ကိစၥကို ခ်က္ခ်င္းပယ္ဖ်က္ပစ္ႏိုင္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ဦးသန္းေဌး၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ယမန္ေန႔က ေရးသားေျပာဆိုထားသည္။

Sex Education ကိစၥအျပင္ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ ထိခိုက္နစ္နာမႈမ်ားလြန္းသည့္အတြက္ ျပည္သူမ်ားမွ ေထာက္ခံေပးအပ္သည့္ အာဏာျဖင့္ အေရးတႀကီးခ်က္ျခင္းရပ္ဆိုင္းေျပာင္းလဲပစ္ရမည့္ လုပ္ငန္းစဥ္မ်ားရွိေန ေသးေၾကာင္းလည္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးသန္းေဌးက ေရးသားထားသည္။

“အထက္တန္းသင္႐ုိးပါ Sex Education ကိစၥက ျမန္မာ့လူမွုအသိုင္းအဝိုင္းနဲ႔ အံမဝင္တဲ့အျပဳအမူေတြ၊ ဆယ္ ေက်ာ္သက္မ်ားအတုယူမွားနိုင္တဲ့ အေျခအေနေတြေၾကာင့္လက္မခံႏုိင္ပါ။ ဒါေၾကာင့္ ဥယ်ာဥ္မွဴးအသစ္က အဆိပ္ပင္ကို အျမစ္ကစႏႈတ္ယူရွင္းလင္းမယ္လို႔ေျပာခဲ့ဖူးပါတယ္။ ျပည္သူ႔ mandate (လုပ္ပိုင္ခြင့္၊ အာဏာ) ရတာနဲ႔ သင္႐ုိးကေန ခ်က္ခ်င္းေကာက္ႏုတ္ပယ္ဖ်က္လို႔ရပါတယ္”ဟု ဦးသန္းေဌးက ေရးသားေျပာဆိုထား သည္။

Sex Education ကိစၥကဲ့သို႔ အလြယ္တကူပယ္ဖ်က္ရန္မျဖစ္ႏိုင္ေသာ္လည္း တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ ထိခိုက္နစ္နာမႈမ်ားလြန္းသည့္အတြက္ ျပည္သူ႔ mandate ျဖင့္ အေရးတႀကီး၊ ခ်က္ျခင္း၊ ရပ္ဆိုင္း၊ ေျပာင္း လဲျပစ္ရမယ့္လုပ္ငန္းစဥ္မွာ ကိုဖီအာနန္ေကာ္မရွင္မွအစျပဳၿပီးျဖစ္ပြားသည့္ ICJ ကိစၥ၊ ICCPR လက္မွတ္ထိုးျခင္း ကိစၥစသျဖင့္ ေနာက္ထပ္ေနာက္ထပ္ ျမန္မာအမ်ားစုမသိနားမလည္ဘဲ ျမန္မာ့ Agenda (လုပ္ငန္းစဥ္) ထဲမွာ ေရာက္ရွိေနသည့္ကိစၥရပ္မ်ားျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ ထို႔အျပင္ ျပည္သူမ်ား၏ ပိုက္ဆံအိတ္၊ ျပည္ သူမ်ား၏ ႐ိုးရာယဥ္ေက်းမႈဇာတိဂုဏ္တို႔ႏွင့္ လတ္တေလာသက္ဆိုင္သည့္အတြက္ ပြဲဆူေနေသာမီတာခကိစၥ၊ ေက်ာင္းစာသင္႐ုိးကိစၥမ်ားျဖင့္ ျပည္သူမ်ား အာ႐ုံေနာက္ေနခ်ိန္၌ဘဂၤါလီကိစၥ၊ ICJ ကိစၥ၊ ICCPR ကိစၥမ်ားသည္ လည္း ေခါင္းၿမီးၿခဳံကာ အရွိန္အဟုန္ျဖင့္ လႈပ္ရွားေနသည့္အတြက္ သတိရွိၾကဖိုလိုေၾကာင္းလည္း ျပည္ခိုင္ၿဖိဳး ပါတီဥကၠ႒က သတိေပးေျပာဆိုေရးသားထားသည္။

“ျမန္မာ့ယဥ္ေက်းမႈကို ပ်က္စီးေစမယ့္ အဆိပ္ပင္သင္႐ုိးညႊန္းတန္းထက္ဆိုးတဲ့ ေဖာ္ျပပါကိစၥမ်ားကိုလဲ ျပည္သူ ေတြက mandate ေပးလာရင္ ျမန္မာ့ Agenda ထဲက ေကာက္ႏႈတ္ပယ္ဖ်က္၊ လိုအပ္ရင္ဆိုင္ရာအဖြဲ႕အစည္း က ႏုတ္ထြက္သင့္ရင္ႏုတ္ထြက္၊ တခ်ိဳ႕နိုင္ငံတကာအဖြဲ႕အစည္းဆိုတာေတြကို တားဆီးကန႔္သတ္ ပိတ္ပင္ ရမွာေတြ တန္းစီၿပီးရွိေနပါတယ္”ဟု ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္းေရးသားထားခဲ့သည္။

ထို႔အျပင္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးသန္းေဌးက နိဂံုးခ်ဳပ္အေနျဖင့္လည္း “ကိုယ့္ႏုိင္ငံက ခ်မွတ္ထားတဲ့လမ္း ေၾကာင္း၊ ကိုယ္ေမၽွာ္လင့္ထားတဲ့ရလာဒ္နဲ႔ ဆန႔္က်င္ေနတဲ့အတြက္ non align movement ေခၚတဲ့ ဘက္ မလိုက္အဖြဲ႕အစည္းက တရားဝင္ႏုတ္ထြက္ခဲ့တာ၊ ျပန္ဝင္သင့္တဲ့အခ်ိန္မွာျပန္ဝင္ခဲ့တာေတြကို ဘယ္ႏုိင္ငံတ ကာ ညႊန္ၾကားခ်က္မွမပါပဲ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ယွဥ္ၿပီး ျမန္မာေခါင္းေဆာင္ေတြကိုယ္တိုင္ကပဲခ်မွတ္ခဲ့တာ၊ ျမန္မာ့သမိုင္းမွာ ထင္ထင္ရွားရွား ပူပူေႏြးေႏြးရွိေနပါေသးတယ္။ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဒီလိုတာဝန္ယူ ႏုိင္မယ့္ ပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ိဳးကို တာဝန္ေပးရမွာ အလုပ္ခိုင္းရမွာက ျပည္သူေတြ ကိုယ္တိုင္ပါ။ တာဝန္ေပး ရင္သုတ္သင္ရွင္းလင္းၾကပါလိမ့္မယ္။ တာဝန္ေပးရင္သုတ္သင္ရွင္းလင္းၾကပါလိမ့္မယ္” ဟု ျပည္သူမ်ားကိုယ္ တိုင္တာ၀န္ေပးရွင္းလင္းသုတ္သင္ၾကရမည္ျဖစ္ေၾကာင္း ေရးသားေျပာဆိုထားခဲ့သည္။

#PeopleMedia

(Unicode)
ပြည်သူများမှ အာဏာအပ်နှင်းလျှင် Sex Education ကို အထက်တန်းသင်ရိုးမှ ချက်ချင်းပယ်ဖျက်နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော
……………………………………………

ရန်ကုန်၊ မေ ၂၃

ပြည်သူများမှ ထောက်ခံပေးအပ်သည့် အာဏာရရှိသည်နှင့် လာမည့်ပညာသင်နှစ် အထက်တန်းသင်ရိုးတွင် ထည့်သွင်းသင်ကြားမည့် Sex Education ကိစ္စကို ချက်ချင်းပယ်ဖျက်ပစ်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ရေးသားပြောဆိုထားသည်။

Sex Education ကိစ္စအပြင် တိုင်းပြည်နှင့်လူမျိုးအတွက် ထိခိုက်နစ်နာမှုများလွန်းသည့်အတွက် ပြည်သူများမှ ထောက်ခံပေးအပ်သည့် အာဏာဖြင့် အရေးတကြီးချက်ခြင်းရပ်ဆိုင်းပြောင်းလဲပစ်ရမည့် လုပ်ငန်းစဉ်များရှိနေ သေးကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ရေးသားထားသည်။

“အထက်တန်းသင်ရိုးပါ Sex Education ကိစ္စက မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အံမဝင်တဲ့အပြုအမူတွေ၊ ဆယ် ကျော်သက်များအတုယူမှားနိုင်တဲ့ အခြေအနေတွေကြောင့်လက်မခံနိုင်ပါ။ ဒါကြောင့် ဥယျာဉ်မှူးအသစ်က အဆိပ်ပင်ကို အမြစ်ကစနှုတ်ယူရှင်းလင်းမယ်လို့ပြောခဲ့ဖူးပါတယ်။ ပြည်သူ့ mandate (လုပ်ပိုင်ခွင့်၊ အာဏာ) ရတာနဲ့ သင်ရိုးကနေ ချက်ချင်းကောက်နုတ်ပယ်ဖျက်လို့ရပါတယ်”ဟု ဦးသန်းဌေးက ရေးသားပြောဆိုထား သည်။

Sex Education ကိစ္စကဲ့သို့ အလွယ်တကူပယ်ဖျက်ရန်မဖြစ်နိုင်သော်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် ထိခိုက်နစ်နာမှုများလွန်းသည့်အတွက် ပြည်သူ့ mandate ဖြင့် အရေးတကြီး၊ ချက်ခြင်း၊ ရပ်ဆိုင်း၊ ပြောင်း လဲပြစ်ရမယ့်လုပ်ငန်းစဉ်မှာ ကိုဖီအာနန်ကော်မရှင်မှအစပြုပြီးဖြစ်ပွားသည့် ICJ ကိစ္စ၊ ICCPR လက်မှတ်ထိုးခြင်း ကိစ္စစသဖြင့် နောက်ထပ်နောက်ထပ် မြန်မာအများစုမသိနားမလည်ဘဲ မြန်မာ့ Agenda (လုပ်ငန်းစဉ်) ထဲမှာ ရောက်ရှိနေသည့်ကိစ္စရပ်များဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ထို့အပြင် ပြည်သူများ၏ ပိုက်ဆံအိတ်၊ ပြည် သူများ၏ ရိုးရာယဉ်ကျေးမှုဇာတိဂုဏ်တို့နှင့် လတ်တလောသက်ဆိုင်သည့်အတွက် ပွဲဆူနေသောမီတာခကိစ္စ၊ ကျောင်းစာသင်ရိုးကိစ္စများဖြင့် ပြည်သူများ အာရုံနောက်နေချိန်၌ဘင်္ဂါလီကိစ္စ၊ ICJ ကိစ္စ၊ ICCPR ကိစ္စများသည် လည်း ခေါင်းမြီးခြုံကာ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသည့်အတွက် သတိရှိကြဖိုလိုကြောင်းလည်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌက သတိပေးပြောဆိုရေးသားထားသည်။

“မြန်မာ့ယဉ်ကျေးမှုကို ပျက်စီးစေမယ့် အဆိပ်ပင်သင်ရိုးညွှန်းတန်းထက်ဆိုးတဲ့ ဖော်ပြပါကိစ္စများကိုလဲ ပြည်သူ တွေက mandate ပေးလာရင် မြန်မာ့ Agenda ထဲက ကောက်နှုတ်ပယ်ဖျက်၊ လိုအပ်ရင်ဆိုင်ရာအဖွဲ့အစည်း က နုတ်ထွက်သင့်ရင်နုတ်ထွက်၊ တချို့နိုင်ငံတကာအဖွဲ့အစည်းဆိုတာတွေကို တားဆီးကန့်သတ် ပိတ်ပင် ရမှာတွေ တန်းစီပြီးရှိနေပါတယ်”ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်းရေးသားထားခဲ့သည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အနေဖြင့်လည်း “ကိုယ့်နိုင်ငံက ချမှတ်ထားတဲ့လမ်း ကြောင်း၊ ကိုယ်မျှော်လင့်ထားတဲ့ရလာဒ်နဲ့ ဆန့်ကျင်နေတဲ့အတွက် non align movement ခေါ်တဲ့ ဘက် မလိုက်အဖွဲ့အစည်းက တရားဝင်နုတ်ထွက်ခဲ့တာ၊ ပြန်ဝင်သင့်တဲ့အချိန်မှာပြန်ဝင်ခဲ့တာတွေကို ဘယ်နိုင်ငံတ ကာ ညွှန်ကြားချက်မှမပါပဲ အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်ပြီး မြန်မာခေါင်းဆောင်တွေကိုယ်တိုင်ကပဲချမှတ်ခဲ့တာ၊ မြန်မာ့သမိုင်းမှာ ထင်ထင်ရှားရှား ပူပူနွေးနွေးရှိနေပါသေးတယ်။ အမျိုးသားအကျိုးစီးပွားအတွက် ဒီလိုတာဝန်ယူ နိုင်မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမျိုးကို တာဝန်ပေးရမှာ အလုပ်ခိုင်းရမှာက ပြည်သူတွေ ကိုယ်တိုင်ပါ။ တာဝန်ပေး ရင်သုတ်သင်ရှင်းလင်းကြပါလိမ့်မယ်။ တာဝန်ပေးရင်သုတ်သင်ရှင်းလင်းကြပါလိမ့်မယ်” ဟု ပြည်သူများကိုယ် တိုင်တာဝန်ပေးရှင်းလင်းသုတ်သင်ကြရမည်ဖြစ်ကြောင်း ရေးသားပြောဆိုထားခဲ့သည်။

#PeopleMedia


Share this post