• Follow Us on

Home ပြည်သူများအသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် ပြန်ကြား ရေးဝန်ကြီး မှာကြား

ပြည်သူများအသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် ပြန်ကြား ရေးဝန်ကြီး မှာကြား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၇ (People Media)

 

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်းသတင်းစာတိုက်နှင့် တာမွေမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနသည် နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများပြည်သူ ဝန်ဆောင်မှုမီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေးဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာအပါအဝင် မီဒီယာ၏အခန်းကဏ္ဍကို အထူးအလေးထားပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် မီဒီယာ ကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင် အရေးကြီးကြောင်း ပြောသည်။

 

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ သို့မှသာ အနာဂတ်မျိုးဆက်သစ်များသည် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်ပေါင်းကူး ဆက်သွယ်ခြင်းသာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia #ပြန်ကြားရေးဝန်ကြီးဌာန #Media

(unicode)


……………………………………………………

 


 


 


 


 


 



Share this post