• Follow Us on

Home ပြည်သူများအသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောဆို

ပြည်သူများအသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇ (People Media)

 

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများကို ပြောဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ”မီဒီယာကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည် ဆောက်ရာတွင် အရေးကြီးပါကြောင်း၊ ခေတ်နှင့်လျော်ညီသော၊ နုပျိုသစ်လွင်သော စိတ်ဝင်စားဖွယ် အစီအစဉ် ကောင်းများ စီစဉ်ထုတ်လွှင့်နိုင်ရေးအတွက် MRTV News Channel ကို တိုးချဲ့စမ်းသပ် ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း”ပြောသည်။

 

“နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများပြည်သူ့ ဝန်ဆောင်မှုမီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေး၊ ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေး၊ တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia #ပြန်ကြားရေးဝန်ကြီးဌာန

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post