• Follow Us on

Home ျပည္သူမ်ား စီးပြားေရးအင္အားမေတာင့္တင္းရင္ ပါလီမန္ဒီမိုကေရစီနိုင္ငံသို႔ မေရာက္နိုင္ဟု ျပည္နယ္ လ.ဝ.က ဝန္ႀကီးေျပာ

ျပည္သူမ်ား စီးပြားေရးအင္အားမေတာင့္တင္းရင္ ပါလီမန္ဒီမိုကေရစီနိုင္ငံသို႔ မေရာက္နိုင္ဟု ျပည္နယ္ လ.ဝ.က ဝန္ႀကီးေျပာ

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္၊ ၂၀

ျပည္သူမ်ား၏ စီးပြားေရးအင္အားေတာင့္ တင္းမႈသာမရွိရင္ ျပည္သူမ်ားလိုလားသည့္ ပါလီမန္ဒီမိုကေရစီစနစ္ နိုင္ငံေတာ္ကိုေရာက္နိုင္မည္ မဟုတ္ေၾကာင္း ကခ်င္ျပည္ နယ္ အစိုးရအဖြဲ႕ဝင္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

နိုင္ငံေတာ္တစ္ခုကို တည္ေဆာက္ရာမွာ ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္စီးပြားေရးစသည့္ အခ်က္မ်ားလိုၿပီး အဓိကအားျဖင့္ ျပည္သူမ်ား၏ စီးပြားေရးအင္အားေတာင့္တင္းဖို႔လိုအပ္ေၾကာင္း လ.ဝ.ကဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

“ကြၽန္ေတာ္တို႔ ဘယ္အစိုးရပဲ တက္တက္ ကြၽန္ေတာ္တို႔ ျပည္သူေတြ နံပါတ္(၁) အေရးႀကီးတဲ့ စီးပြားေရးအင္အား မေတာင့္တင္းဘူးဆိုရင္ ကြၽန္ေတာ္တို႔ သြားခ်င္တဲ့ ပါလီမန္ဒီမိုကေရစီစနစ္ ဆိုတာ မေရာက္နိုင္ပါဘူး”ဟု ၎က ေျပာသည္။

ထို႔အျပင္ တိုင္းျပည္အတြင္း လမ္းပမ္းဆက္သြယ္ေရး၊ လွ်စ္စစ္မီးကိစၥမ်ားႏွင့္ ေတာင္သူမ်ား အပါအဝင္ အစစအရာရာဖြံ႕ၿဖိဳးရန္ လိုအပ္ေၾကာင္းကို ၎ထည့္သြင္းေျပာၾကားခဲ့သည္။

နိုင္ငံအတြင္းတြင္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ရွိေနျခင္းႏွင့္ အျခားလူမ်ိဳးစု ပဋိပကၡမ်ား ရွိေနျခင္းသည္ တိုင္းျပည္ မဖြံ႕ၿဖိဳးသည့္အတြက္ ျဖစ္ေနေၾကာင္း ဝန္ႀကီးက ေျပာသည္။

ခ်မ္းျမဴး

#PeopleMedia #ျမစ္ႀကီးနား

[Unicode]
ပြည်သူများ စီးပွားရေးအင်အားမတောင့်တင်းရင် ပါလီမန်ဒီမိုကရေစီနိုင်ငံသို့ မရောက်နိုင်ဟု ပြည်နယ် လ.ဝ.က ဝန်ကြီးပြော
……………………………………………………………………………….

မြစ်ကြီးနား၊ သြဂုတ်၊ ၂၀

ပြည်သူများ၏ စီးပွားရေးအင်အားတောင့် တင်းမှုသာမရှိရင် ပြည်သူများလိုလားသည့် ပါလီမန်ဒီမိုကရေစီစနစ် နိုင်ငံတော်ကိုရောက်နိုင်မည် မဟုတ်ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

နိုင်ငံတော်တစ်ခုကို တည်ဆောက်ရာမှာ ကာကွယ်ရေး၊ လုံခြုံရေးနှင့်စီးပွားရေးစသည့် အချက်များလိုပြီး အဓိကအားဖြင့် ပြည်သူများ၏ စီးပွားရေးအင်အားတောင့်တင်းဖို့လိုအပ်ကြောင်း လ.ဝ.ကဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“ကျွန်တော်တို့ ဘယ်အစိုးရပဲ တက်တက် ကျွန်တော်တို့ ပြည်သူတွေ နံပါတ်(၁) အရေးကြီးတဲ့ စီးပွားရေးအင်အား မတောင့်တင်းဘူးဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ် ဆိုတာ မရောက်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုင်းပြည်အတွင်း လမ်းပမ်းဆက်သွယ်ရေး၊ လျှစ်စစ်မီးကိစ္စများနှင့် တောင်သူများ အပါအဝင် အစစအရာရာဖွံ့ဖြိုးရန် လိုအပ်ကြောင်းကို ၎င်းထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံအတွင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းနှင့် အခြားလူမျိုးစု ပဋိပက္ခများ ရှိနေခြင်းသည် တိုင်းပြည် မဖွံ့ဖြိုးသည့်အတွက် ဖြစ်နေကြောင်း ဝန်ကြီးက ပြောသည်။

ချမ်းမြူး

#PeopleMedia #မြစ်ကြီးနား


Share this post