• Follow Us on

Home ပြည်သူများ မကျန်းမမာဖြစ်လာလျှင် မတောင့်မတမကြောင့်ကြရဘဲ၊ ကိုယ်ပိုင်ငွေစိုက်ထုတ်ရမှုအနည်းဆုံးဖြင့် ဆေးကုသမှုများပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးပြော

ပြည်သူများ မကျန်းမမာဖြစ်လာလျှင် မတောင့်မတမကြောင့်ကြရဘဲ၊ ကိုယ်ပိုင်ငွေစိုက်ထုတ်ရမှုအနည်းဆုံးဖြင့် ဆေးကုသမှုများပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးပြော

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ (People Media)

 

ပြည်သူများမကျန်းမမာဖြစ်လာလျှင် မတောင့်မတမကြောင့်ကြရဘဲ၊ ကိုယ်ပိုင်ငွေ စိုက်ထုတ်ရမှုအနည်းဆုံးဖြင့် အရည်အသွေးပြည့်ဝသည့် ဆေးကုသမှုများ ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီးရှိ ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၃)ထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းနား၌ ကျန်းမာ ရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“အရည်အသွေး ပြည့်ဝကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူတိုင်း လက်လှမ်းမီစွာ ရရှိစေရေး ဟာ အထူးအရေးကြီးပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ ပြည်သူတွေ မကျန်းမမာဖြစ်လာရင် မတောင့်မတမကြောင့်ကြရဘဲ၊ ကိုယ်ပိုင်ငွေ စိုက်ထုတ်ရမှု အနည်းဆုံးနဲ့ အရည်အသွေးပြည့်ဝတဲ့ ဆေးကုသမှုများပေးအပ်နိုင်ဖို့အတွက် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေးနဲ့ လူတိုင်းရောဂါဘယ ကင်းရှင်းရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကျေးလက်ဒေသအထိ ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါဖြစ်ပွားလာပါက ထိရောက်သောကုသမှုပေးခြင်းတို့ကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးကြီးတဲ့ ကျန်းမာရေး အခြေခံအဆောက်အဦများ (Health Infrastructure) ဖြစ်တဲ့ ဆေးရုံ/ဆေးခန်းများ၊ အသစ်ဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ (Human Resources for Health) ပြည့်စုံလုံလောက်လာစေရေးစတဲ့ ကျန်းမာ ရေးစနစ်ရဲ့ အခြေခံများ ခိုင်မာအားကောင်းလာစေရေးအတွက် အဘက်ဘက်မှ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ တော်အစိုးရမှလည်း ကျန်းမာရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရေး အလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #ကျန်းမာရေး #ဟင်္သာတမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia #ကနြျးမာရေး #ဟငျ်သာတမွို့


Share this post