• Follow Us on

Home ပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျော့ချနိုင်ခဲ့ ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

ပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျော့ချနိုင်ခဲ့ ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၇ (People Media)

 

ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျော့ချနိုင်ခဲ့ကြောင်း ယမန်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ရောဂါကူးစက်ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၁၄ ရက်တွင် ၃၃ ဒဿမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင် ၂၃ ရက်တွင် ၄၀ ဒဿမ ၈၂ ရာခိုင်နှုန်းအထိရှိခဲ့ရာမှ ဩဂုတ် ၁၅ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၂၆ ဒဿ ၄၆ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ၊ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ကြောင့် ဖြစ်ပွားမှု ရာခိုင်နှုန်း၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျော့ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်း ပိုမိုကျဆင်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားဖြစ်ပေါ်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပွားသူ ၂၁၀၉၆၁ ဦး၊ သေဆုံးသူ ၁၀၀၄၈ ဦးရှိခဲ့သည့် အခြေအနေ၊ လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလျက်ရှိပြီး ဇူလိုင်လ ဒုတိယအပတ်တွင် ရောဂါပိုး တွေ့ရှိမှုနှုန်းနှင့် ဩဂုတ်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၃၆ ရာခိုင်နှုန်း အထိကျဆင်းလာသည်ကို တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြည့်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးတွင် ၇၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၄၀ ရာခိုင်နှုန်း ကျော်အထိ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

 

ရောဂါစစ်ဆေးမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ကျဆင်းလာသည့်အတွက် ရောဂါကူးစက်မှုနှုန်း လျော့ကျ လာသကဲ့သို့ ရာခိုင်နှုန်းအရလည်း ကျဆင်းလာမှုများရှိကြောင်း၊ အဓိကအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မြေပြင်အခြေအနေမှန်များအား သိရှိနေရန်လိုကြောင်း၊ ရောဂါကူးစက်ခံရသော်လည်း မိမိတို့အစီ အစဉ်ဖြင့် ကျန်းမာရေးဌာနများသို့ လာရောက်ကုသမှု ခံယူခြင်းမပြုသူများ မရှိရန်လိုကြောင်း၊ အဆိုပါ ရောဂါကူး စက်ခံရသူများမှတစ်ဆင့် အခြားသူများသို့ ကူးစက်ရန်အတွက် အန္တရာယ်များစွာရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိ သူများအနေဖြင့် စနစ်တကျဖြင့် သတင်းဖော်ထုတ်ကြပ်မတ်ဆောင်ရွက်ပြီး ရောဂါစစ်ဆေးမှုနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post