• Follow Us on

Home ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးပြောကြား

ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၁

 

ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြောကြားခဲ့ခြင်းဖြစ် သည်။

 

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ကဏ္ဍဟာ အဓိကကျတဲ့ကဏ္ဍက ပါဝင်နေတဲ့အတွက် နိုင်ငံ တော်စီမံကိန်းတွေနဲ့ ပြည်သူလူထုရဲ့ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေဖို့ ကြိုးစား လျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံပြီး ထုတ်လုပ် လျှက်ရှိပါတယ်။ လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အား ထုတ်လုပ်မှု လျော့နည်းပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲတွေ လက်တွေ့ ခံစားနေရတဲ့အတွက် မိမိတို့ ဆောင်ရွက်ချက်တွေအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်ပြီး ပူး ပေါင်းပါဝင် ဆောင်ရွက်ကြဖို့ စည်းရုံးပြောဆိုကြဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီး စီးအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင် စေရေးအတွက် စီမံကိန်းအား စောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားရန်နှင့် စီမံကိန်း ပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ဒေသအခြေခံခရီးသွားလုပ်ငန်းများကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသဖြင့် မိမိတိုဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက် သတ်မှတ်ကာလအတွင်း အရည်အသွေးများ ပြည့်ဝစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြိုအနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို ချိတ်ဆက်၍ ပိုလွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post