• Follow Us on

Home ပြည်သူလူထု၏ အသက်အိုးအိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ရပ်များအပြင် အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်ပေးမည်ဟု နစက ထုတ်ပြန်

ပြည်သူလူထု၏ အသက်အိုးအိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ရပ်များအပြင် အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်ပေးမည်ဟု နစက ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈ (People Media)

 

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစေရေး၊ လမ်းပမ်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ မြန်မာ နိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေညာထား သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူပြီးသည့် အချိန်မှစ၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်ဟု ဖော်ပြပါရှိသည်။

 

ထို့အပြင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ် မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

 

အလားတူ ပြည်သူတစ်ရပ်လုံးအနေဖြင့် ထိုကြေညာချက်အား လက်တွေ့အကောင်အထည်ဖော် ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့ မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန် မေတ္တာရပ်ခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#PeopleMedia #နစက #ထုတ်ပြန်ချက်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 



Share this post