• Follow Us on

Home ျပည္သူလူထု စားဝတ္ေနေရး ၾကပ္တည္းေနျခင္း၊ ႏုိင္ငံနိမ့္က်ေနျခင္းတို႔ကို ၾကည့္မေနနိုင္၍ ပါတီတည္ေထာင္ ရန္ဆုံးျဖတ္ရျခင္းျဖစ္ေၾကာင္း သူရဦးေ႐ႊမန္းဆုိ

ျပည္သူလူထု စားဝတ္ေနေရး ၾကပ္တည္းေနျခင္း၊ ႏုိင္ငံနိမ့္က်ေနျခင္းတို႔ကို ၾကည့္မေနနိုင္၍ ပါတီတည္ေထာင္ ရန္ဆုံးျဖတ္ရျခင္းျဖစ္ေၾကာင္း သူရဦးေ႐ႊမန္းဆုိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၄

ျပည္သူလူထု စားဝတ္ေနေရး ၾကပ္တည္းေနျခင္း၊ ႏုိင္ငံနိမ့္က်ေနျခင္းတို႔ကို ဒီအတိုင္း ၾကည့္မေနႏုိင္၍ ပါတီ တည္ေထာင္ရန္ဆုံးျဖတ္ရျခင္းျဖစ္ေၾကာင္း သူရဦးေ႐ႊမန္းက ၎၏ ထားဝယ္ခရီးစဥ္၌ ေျပာဆုိခဲ့သည္။

မိမိအေနျဖင့္ စားဝတ္ေနေရး၊ လူမႈေရးအဆင္ေျပမႈရွိသည့္အတြက္ ကိုယ့္ဂုဏ္၊ ကိုယ့္သိကၡာျဖင့္ ေအးခ်မ္းစြာ ေနႏုိင္သည့္ အေျခအေနရွိေသာ္လည္း ျပည္သူအမ်ားစုမွာ စားဝတ္ေနေရးအခက္အခဲမ်ားစြာ ရင္ဆိုင္ေနၾက ရျခင္း၊ စီးပြားေရးၾကပ္တည္းေနျခင္း၊ ႏုိင္ငံမွာလည္း အျခားႏုိင္ငံမ်ားထက္ နိမ့္က်ေနာက္က်ေနျခင္း၊ အျခားႏုိင္ငံ မ်ား၏ အထင္ေသးအျမင္ေသးခံေနရျခင္းတို႔ကို မခံႏုိင္၍ ပါတီတည္ေထာင္ဖို႔ ဆုံးျဖတ္ခဲ့ရျခင္းျဖစ္ေၾကာင္း သူရဦးေရႊမန္းက ေျပာဆုိခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ သူရဦးေ႐ႊမန္းက အကယ္၍ ယေန႔အခ်ိန္တြင္ ျပည္သူမ်ား စီးပြားေရးအဆင္ေျပကာ ႏုိင္ငံသည္လည္း ဂုဏ္သိကၡာရွိသည့္ နိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေနမည္ဆိုပါက မိမိသည္ ေအးေအးေဆးေဆး ေန႐ုံသာရွိပါ ေၾကာင္း၊ သို႔ေသာ္ ထိုသို႔မျဖစ္၍ မိမိဘဝတေလွ်ာက္ ျဖတ္သန္းလာသည့္ အေတြ႕အႀကဳံေကာင္းမ်ားႏွင့္ ပစၥည္း ဥစၥာတို႔ကို အရင္းတည္ကာ မိမိႏွင့္ စိတ္တူ၊ ကိုယ္တူပုဂၢိဳလ္မ်ား၊ ရပ္မိရပ္ဖမ်ား၏ ပံ့ပိုးကူညီပူးေပါင္းပါဝင္မႈမ်ား ျဖင့္ ႏုိင္ငံႏွင့္ ျပည္သူကို အလုပ္အေကြၽးျပဳရန္ ႀကိဳးပမ္းေနၾကျခင္း ျဖစ္ပါေၾကာင္း၊ မိမိ၏အေတြ႕အႀကဳံေကာင္း မ်ားကို အလဟႆ အျဖစ္မခံလို၍လည္း ျဖစ္ပါေၾကာင္းျဖင့္ ေျပာဆုိခဲ့ေၾကာင္း ၎၏ ပါတီျဖစ္ေသာ UBP ပါတီ မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #UnionBettermentParty #Political

Photo – UBP

(Unicode)
ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နိုင်ငံနိမ့်ကျနေခြင်းတို့ကို ကြည့်မနေနိုင်၍ ပါတီတည်ထောင် ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းဆို
……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၄

ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နိုင်ငံနိမ့်ကျနေခြင်းတို့ကို ဒီအတိုင်း ကြည့်မနေနိုင်၍ ပါတီ တည်ထောင်ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ၎င်း၏ ထားဝယ်ခရီးစဉ်၌ ပြောဆိုခဲ့သည်။

မိမိအနေဖြင့် စားဝတ်နေရေး၊ လူမှုရေးအဆင်ပြေမှုရှိသည့်အတွက် ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာဖြင့် အေးချမ်းစွာ နေနိုင်သည့် အခြေအနေရှိသော်လည်း ပြည်သူအများစုမှာ စားဝတ်နေရေးအခက်အခဲများစွာ ရင်ဆိုင်နေကြ ရခြင်း၊ စီးပွားရေးကြပ်တည်းနေခြင်း၊ နိုင်ငံမှာလည်း အခြားနိုင်ငံများထက် နိမ့်ကျနောက်ကျနေခြင်း၊ အခြားနိုင်ငံ များ၏ အထင်သေးအမြင်သေးခံနေရခြင်းတို့ကို မခံနိုင်၍ ပါတီတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သူရဦးရွှေမန်းက အကယ်၍ ယနေ့အချိန်တွင် ပြည်သူများ စီးပွားရေးအဆင်ပြေကာ နိုင်ငံသည်လည်း ဂုဏ်သိက္ခာရှိသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေမည်ဆိုပါက မိမိသည် အေးအေးဆေးဆေး နေရုံသာရှိပါ ကြောင်း၊ သို့သော် ထိုသို့မဖြစ်၍ မိမိဘဝတလျှောက် ဖြတ်သန်းလာသည့် အတွေ့အကြုံကောင်းများနှင့် ပစ္စည်း ဥစ္စာတို့ကို အရင်းတည်ကာ မိမိနှင့် စိတ်တူ၊ ကိုယ်တူပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၏ ပံ့ပိုးကူညီပူးပေါင်းပါဝင်မှုများ ဖြင့် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေးပြုရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပါကြောင်း၊ မိမိ၏အတွေ့အကြုံကောင်း များကို အလဟဿ အဖြစ်မခံလို၍လည်း ဖြစ်ပါကြောင်းဖြင့် ပြောဆိုခဲ့ကြောင်း ၎င်း၏ ပါတီဖြစ်သော UBP ပါတီ မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #UnionBettermentParty #Political

Photo – UBP


Share this post