• Follow Us on

Home ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်ကို အကြမ်းဖက်ခြင်းနည်းလမ်းများဖြင့် ထူထောင်နိုင်မည်ဟု မယုံကြည်‌ကြောင်း NDF ပါတီထုတ်ပြန်

ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်ကို အကြမ်းဖက်ခြင်းနည်းလမ်းများဖြင့် ထူထောင်နိုင်မည်ဟု မယုံကြည်‌ကြောင်း NDF ပါတီထုတ်ပြန်

Share this post

ရန်ကုန်၊ သြဂုတ် ၁၆ (People Media)

 

ဒီမိုကရေစီစနစ်နှင့် အကြမ်းဖက်လူသတ်ဝါဒသည် ပြဒါးတစ်လမ်း သံတစ်လမ်းသာ ဖြစ်သဖြင့် ပြည်သူ လူထုလိုလားတောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်ကို အကြမ်းဖက်ခြင်းနည်းလမ်းများဖြင့် ထူထောင်နိုင် မည်ဟု မယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

လက်နက်စွဲကိုင်တိုက်ပွဲဝင်ခြင်း(Arm struggle) ဖြင့် ဆောင်ရွက်မှသာ မိမိတို့ယုံကြည်ရာလမ်းစဉ် အောင် မြင်မည်ဟုယူဆ၍ ကိုယ်ယုံကြည်ရာကိုဆောင်ရွက်နေကြခြင်းအပေါ် မည်သို့မျှ ဝေဖန်ရန် အကြောင်းမရှိပါ။ သို့သော် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းသည်ကား တရားနည်း လမ်းကျနမှုမရှိသလို လက်ခံနိုင်ဖွယ်မရှိကြောင်း သိရသည်။

 

ကျွန်ုပ်တို့ NDF ပါတီ၏ မူဝါဒများသည် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့ကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ဤမူဝါဒများနှင့်အညီ ကိုင်တွယ်ကျင့်သုံး လျှက်ရှိသည်။ ရှေ့ဆက်၍လည်း ဤမူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

သို့ပါ၍ ကျွန်ုပ်တို့ NDF ပါတီအနေဖြင့် ဦးဟန်သာ လုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ သာ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ကျွန်ုပ်တို့ NDF ပါတီ၊ ပါတီရပ်တည်ချက်နှင့် မူဝါဒများကို ယိမ်းယိုင်ပြိုလဲသွားစေမည်မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုကို အကြမ်းဖက်ခြင်းနည်းလမ်းဖြင့် တုန့်ပြန်ဆောင်ရွက်ခြင်းကြောင့် အဆိုးသံသရာကိုသာ ရှည် ကြာစေပြီး အပြစ်မဲ့ပြည်သူလူထုကြီးသာ ဒုက္ခပင်လယ်ဝေစေလိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ (NDF) မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #NDF #Political

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia #NDF #Political


Share this post