• Follow Us on

Home ပြည်သူအချင်းချင်းညီညွတ်မှုမရှိဘဲ ပြည်ပအားကိုးပြီးသူတစ်လူငါတစ်မင်းဖြစ်သည့်အချိန်ကာလမျိုးတွင် လွတ် လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရသည့် ခါးသီးသောအတွေ့အကြုံများကို လူငယ်များသိရှိရန် အရေးကြီးကြောင်း န-စ-ကဒုဥက္ကဋ္ဌပြော

ပြည်သူအချင်းချင်းညီညွတ်မှုမရှိဘဲ ပြည်ပအားကိုးပြီးသူတစ်လူငါတစ်မင်းဖြစ်သည့်အချိန်ကာလမျိုးတွင် လွတ် လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရသည့် ခါးသီးသောအတွေ့အကြုံများကို လူငယ်များသိရှိရန် အရေးကြီးကြောင်း န-စ-ကဒုဥက္ကဋ္ဌပြော

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃ (People Media)

 

ပြည်သူအချင်းချင်း၊ မင်းညီမင်းသားအချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပအားကိုးပြီး သူတစ်လူငါတစ်မင်း ဖြစ်သည့်အချိန်ကာလမျိုးတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ သမိုင်းသင်ခန်းစာများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးရသည့် ခါးသီးသော အတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီး စိုးဝင်း ပြောကြားသည်။

 

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေး ခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်သူများ စည်းလုံးညီညွတ်မှုရှိပြီး စနစ်တကျ ဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံ့အင်အား တောင့်တင်းကြောင်း၊ မြန်မာ့သမိုင်းကြောင်းများကို အမြဲဖော်ထုတ်ပေးရန် လိုအပ်ကြောင်း၊ အနှစ်သာရရှိသည့် လွတ်လပ်ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ပြောသည်။

 

လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်ကာလမှစ၍ လွတ်လပ်ရေးပြန်ရသည်အထိ အသက်သွေး၊ ချွေးမြောက်မြားစွာ ပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်းများကိုလည်း ဖော်ထုတ်ပေးနိုင်မှသာ နောင်လာမည့် မျိုးဆက်သစ်များ အနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရ၊ ကိုယ်ပိုင်အသိစိတ်ဓာတ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်သည့် အခြေအနေများကိုလည်း သိရှိနိုင်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန်လိုကြောင်းနှင့် နိုင်ငံတော်အင်အားရှိမှု၊ ပြည်သူအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိမှု စနစ်တကျဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှု စသည့်အချက်များ ပြည့်စုံမှသာ မိမိတို့နိုင်ငံတော်ကြီး တိုးတက်စည်ပင်ဖွံ့ဖြိုးလာမည်ကို မျိုးဆက်သစ်လူငယ်များ သိရှိရန်လို ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ပြောသည်။

 

#PeopleMedia #ဒုတပ်ချုပ်

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 



Share this post