• Follow Us on

Home “ပြည်သူတွေနဲ့ ထိတွေ့၊ ဆက်ဆံ၊ ရင်းနှီးမှု အားနည်းနေသေးတယ် ပြည်သူတွေရဲ့ အချစ်ကို မသိမ်းပိုက်နိုင်သေးဘူး။ ပြည်သူတွေ ယုံကြည်အောင် မနေနိုင်သေးလို့ ရှုံးနိမ့်ခြင်းပဲဖြစ်တယ်လို့ ပြောချင်ပါတယ်”ဦးနေမျိုးအောင် (ဆိပ်ကမ်းမြို့ USDP ပါတီဥက္ကဋ္ဌ)

“ပြည်သူတွေနဲ့ ထိတွေ့၊ ဆက်ဆံ၊ ရင်းနှီးမှု အားနည်းနေသေးတယ် ပြည်သူတွေရဲ့ အချစ်ကို မသိမ်းပိုက်နိုင်သေးဘူး။ ပြည်သူတွေ ယုံကြည်အောင် မနေနိုင်သေးလို့ ရှုံးနိမ့်ခြင်းပဲဖြစ်တယ်လို့ ပြောချင်ပါတယ်”ဦးနေမျိုးအောင် (ဆိပ်ကမ်းမြို့ USDP ပါတီဥက္ကဋ္ဌ)

Share this post

ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကို မတ်လ (၃၁) ရက်နေ့က ရန်ကုန်မြို့နယ် (၃၃) မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါရွေးကောက်ပွဲကို NLD၊ USDP ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ စည်ပင်ရွေးကောက်ပွဲကို ဆန္ဒမဲပေးခွင့်ရှိသူများမှ ၁၀ ရာခိုင်နှုန်းအောက်သာ လာရောက်မဲပေးခဲ့ကြောင်း PACE အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မြို့တော်(၃၃) မြို့၌ NLD ပါတီက (၃၂) မြို့ထိ အနိုင်ရရှိခဲ့ပါတယ်။ ကျန်တစ်နေရာဖြစ်သော ဆိပ်ကမ်းမြို့ကို USDP ပါတီမှ အနိုင်ရရှိခဲ့ပါတယ်။

ဆိပ်ကမ်းမြို့၊ မဲဆန္ဒနယ်သည် USDP ပါတီကို ရွေးကောက်ပွဲများ၌ ထောက်ခံသော မဲဆန္ဒနယ်ဖြစ်နေခြင်း ကြောင့် လူထုမီဒီယာမှ ဦးနေမျိုးအောင်(ဆိပ်ကမ်းမြို့ USDP ဥက္ကဌ)နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အလားတူ ဦးနေမျိုးအောင်သည် ဆိပ်ကမ်းမြို့နယ်၏ တိုင်းဒေသကြီးကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်ပါ တယ်။


Share this post
https://www.facebook.com/303185163868226/videos/2100676216714210/