• Follow Us on

Home ပြည်သူတွေအနေဖြင့် နိုင်ငံတော်သတင်းစာတွေဖတ်ကြရန်နှင့် သတင်းစာရောင်းချင်လို့ပြောခြင်းမဟုတ်ဘဲ ကြေညာချက်တွေသေချာမသိကြသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း အတိုင်ပင်ခံပြောဆို


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၄
ဆက်လက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ သတင်းစာသည် ဈေးကြီးကြီးပေးရတာမျိုးမဟုတ်သည့်အတွက် တတ်နိုင်သ လောက်ဖတ်ကြရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနကို အားပေးစေချင်လို့ ပြောတာမဟုတ်ကြောင်းနှင့် အားပေး သင့်သည့်အခါမှာ အားပေးခြင်းသည်မမှားကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
(unicode)
ပြည်သူတွေအနေဖြင့် နိုင်ငံတော်သတင်းစာတွေဖတ်ကြရန်နှင့် သတင်းစာရောင်းချင်လို့ပြောခြင်းမဟုတ်ဘဲ ကြေညာချက်တွေသေချာမသိကြသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း အတိုင်ပင်ခံပြောဆို
……………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၁၄
နိုင်ငံတော်သတင်းစာတွေဖတ်ကြရန်နှင့် သတင်းစာရောင်းချင်လို့ပြောခြင်းမဟုတ်ဘဲ COVID-19 အရေး ကြေညာချက်တွေသေချာမသိကြသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းအား နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“သတင်းစာတွေဖတ်စေချင်ပါတယ်။ နိုင်ငံတော်သတင်းစာတွေ၊ အဲဒါက သတင်းစာရောင်းချင်လို့ ကျွန်မပြော တာမဟုတ်ပါဘူး။ ရောင်းကောင်းရင်လည်း ကောင်းတာပေါ့။ ဘာဖြစ်လို့ပြောရလည်းဆိုတော့ COVID-19 နဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ နောက်တခြားအစိုးရဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို တချို့တွေက သေသေချာချာမဖတ်ဖြစ်ကြဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ သတင်းစာသည် စျေးကြီးကြီးပေးရတာမျိုးမဟုတ်သည့်အတွက် တတ်နိုင်သ လောက်ဖတ်ကြရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနကို အားပေးစေချင်လို့ ပြောတာမဟုတ်ကြောင်းနှင့် အားပေး သင့်သည့်အခါမှာ အားပေးခြင်းသည်မမှားကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Share this post