• Follow Us on

Home ျပည္သူ့ဝန္ထမ္း အေယာက္ေဆာင္၍ လူ(၅)ဦးကို ဖမ္းဆီးလက္ထပ္ခတ္ၿပီး ေငြေတာင္းခံသည့္ မႈခင္းသတင္းေထာက္ႏွစ္ဦးကို ရဲကဖမ္းဆီး၊ သတင္း ေထာက္ႏွစ္ဦးကို စစ္ေဆးရာ ဓါး၊ လက္ထိပ္မ်ားေတြ႕ရွိ

ျပည္သူ့ဝန္ထမ္း အေယာက္ေဆာင္၍ လူ(၅)ဦးကို ဖမ္းဆီးလက္ထပ္ခတ္ၿပီး ေငြေတာင္းခံသည့္ မႈခင္းသတင္းေထာက္ႏွစ္ဦးကို ရဲကဖမ္းဆီး၊ သတင္း ေထာက္ႏွစ္ဦးကို စစ္ေဆးရာ ဓါး၊ လက္ထိပ္မ်ားေတြ႕ရွိ

Share this post

လားရႈိး၊ ဇူလိုင္-၁၅

ျပည္သူ့ဝန္ထမ္း အေယာက္ေဆာင္၍ လူ(၅)ဦးကို ဖမ္းဆီးလက္ထပ္ခတ္ၿပီး ေငြေတာင္းခံသည့္ မႈခင္းသတင္းေထာက္ႏွစ္ဦးကို ရဲကဖမ္းဆီးလိုက္ၿပီးေနာက္ သတင္းေထာက္ႏွစ္ဦးကို စစ္ေဆးရာ ဓါး၊လက္ထိပ္မ်ားေတြ႕ရွိခဲ့ပါတယ္။

ျဖစ္စဉ္မွာ ဇူလိုင္(၁၄)ရက္၊ညေန(၅)နာရီအခ်ိန္၌ လားရႈိးၿမိဳ႕၊ၿမိဳ႕ေရွာင္လမ္း၌ ေနျပည္ေတာ္တိုင္းမႈခင္ းသတင္းေထာက္ႏွင့္ႏွင့္သတင္းစုံမီဒီယာက သတင္းေထာက္ႏွစ္ဦးသည္ လူ(၅)ဦးကို ဖမ္းဆီး၍ လက္ထိပ္ခတ္ကာ ေငြေတာင္းခံမႈျပဳ႕လုပ္ေနေၾကာင္း သတင္းရရွိမႈေၾကာင့္ လားရႈိးၿမိဳ႕ ရဲတပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးခဲ့ပါတယ္။

ထိုကဲ့သို႔ ဖမ္းဆီးရမိခဲ့သည့္ သတင္းေထာက္ႏွစ္ဦးကို စစ္ေဆးရာတြင္ လက္ထိပ္၊ဓါး၊စကားေျပာစက္မ်ားကို ေတြ႕ရွိရပါတယ္။ထိုေၾကာင့္ သတင္းေထာက္ႏွစ္ဦးျဖစ္သည့္ ဦးေက်ာ္ေက်ာ္ႏွင့္ဦးေဇာ္ႏိုင္ဦးတို႔ကို ရဲတပ္ဖြဲ႕က အေယာင္ေဆာင္မႈ၊ေျခာက္လွန္႔ေငြေတာင္းခံမႈ၊မတရားခ်ဳပ္ေႏွာင္မႈ၊ပူးေပါင္းႀကံစည္မႈ စသည္ျဖင့္ ပုဒ္မ (၅)ခုျဖင့္ အေရးယူလိုက္ပါတယ္။

အလားတူ အဆိုပါ သတင္းဌာနမွ သတင္းေထာက္မ်ားသည္ ျပည္သူမ်ားကို နည္းလမ္းအသြယ္သြယ္ျဖင့္ ေျခာက္လွန္႔ေငြေတာင္းခံျခင္း၊တရားမဝင္လုပ္ငန္းမ်ားထံမွ ေငြေတာင္းခံျခင္းမ်ားကို လုပ္ေဆာင္ေလ့ရွိေၾကာင္း လားရႈိးေနျပည္သူတစ္ဦးက ေျပာပါတယ္။

Juno

#PeopleMedia #လားရႈိး

[Unicode]
ပြည်သူ့ဝန်ထမ်း အယောက်ဆောင်၍ လူ(၅)ဦးကို ဖမ်းဆီးလက်ထပ်ခတ်ပြီး ငွေတောင်းခံသည့် မှုခင်းသတင်းထောက်နှစ်ဦးကို ရဲကဖမ်းဆီး၊ သတင်း ထောက်နှစ်ဦးကို စစ်ဆေးရာ ဓါး၊လက်ထိပ်များတွေ့ရှိ
……………………………………………………………………

လားရှိုး၊ ဇူလိုင်-၁၅

ပြည်သူ့ဝန်ထမ်း အယောက်ဆောင်၍ လူ(၅)ဦးကို ဖမ်းဆီးလက်ထပ်ခတ်ပြီး ငွေတောင်းခံသည့် မှုခင်းသတင်းထောက်နှစ်ဦးကို ရဲကဖမ်းဆီးလိုက်ပြီးနောက် သတင်းထောက်နှစ်ဦးကို စစ်ဆေးရာ ဓါး၊လက်ထိပ်များတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်(၁၄)ရက်၊ညနေ(၅)နာရီအချိန်၌ လားရှိုးမြို့၊မြို့ရှောင်လမ်း၌ နေပြည်တော်တိုင်းမှုခင် းသတင်းထောက်နှင့်နှင့်သတင်းစုံမီဒီယာက သတင်းထောက်နှစ်ဦးသည် လူ(၅)ဦးကို ဖမ်းဆီး၍ လက်ထိပ်ခတ်ကာ ငွေတောင်းခံမှုပြု့လုပ်နေကြောင်း သတင်းရရှိမှုကြောင့် လားရှိုးမြို့ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ပါတယ်။

ထိုကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် သတင်းထောက်နှစ်ဦးကို စစ်ဆေးရာတွင် လက်ထိပ်၊ဓါး၊စကားပြောစက်များကို တွေ့ရှိရပါတယ်။ထိုကြောင့် သတင်းထောက်နှစ်ဦးဖြစ်သည့် ဦးကျော်ကျော်နှင့်ဦးဇော်နိုင်ဦးတို့ကို ရဲတပ်ဖွဲ့က အယောင်ဆောင်မှု၊ခြောက်လှန့်ငွေတောင်းခံမှု၊မတရားချုပ်နှောင်မှု၊ပူးပေါင်းကြံစည်မှု စသည်ဖြင့် ပုဒ်မ (၅)ခုဖြင့် အရေးယူလိုက်ပါတယ်။

အလားတူ အဆိုပါ သတင်းဌာနမှ သတင်းထောက်များသည် ပြည်သူများကို နည်းလမ်းအသွယ်သွယ်ဖြင့် ခြောက်လှန့်ငွေတောင်းခံခြင်း၊တရားမဝင်လုပ်ငန်းများထံမှ ငွေတောင်းခံခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း လားရှိုးနေပြည်သူတစ်ဦးက ပြောပါတယ်။

Juno

#PeopleMedia #လားရှိုး


Share this post