• Follow Us on
Latest News

Home ပြည်သူ့စစ်မှုထမ်းဥပဒေ၌ နိုင်ငံသားတိုင်းသည်ကာလအပိုင်းအခြားအလိုက်စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထား ကြောင်း၊ လိုအပ်ပါက အဆိုပါဥပဒေများကို လက်တွေ့ကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေ၌ နိုင်ငံသားတိုင်းသည်ကာလအပိုင်းအခြားအလိုက်စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထား ကြောင်း၊ လိုအပ်ပါက အဆိုပါဥပဒေများကို လက်တွေ့ကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၇ (People Media)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ၌ အသက်အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်းသည် ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားကြောင်း၊ လိုအပ်ပါက အဆိုပါဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးနိုင် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့အား ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်း ပပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တက် ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းပြဋ္ဌာန်းချက်နှင့် ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ ပြည့်နှစ်)နှင့် အရန်တပ်ဖွဲ့ဥပဒေ (၂၀၁၀ ပြည့်နှစ်)တို့ကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ၌ အသက်အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်းသည် ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆင့်ခေါ်ခြင်း အပါအဝင် လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်း ထားသည်ကိုတွေ့နိုင်ကြောင်း၊ ထိုပြင် စစ်မှုထမ်း ခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိထားသည့် စစ်မှုထမ်းတစ်ဦးအနေဖြင့် အရန်တပ်ဖွဲ့တွင် ပါဝင်ထမ်းဆောင်နိုင်ရေး အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ လိုအပ်ပါက အဆိုပါဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနှင့်အညီ မဖြစ်မနေ တာဝန် ယူခဲ့ရသည့် ဖြစ်စဉ်မှန်များကို မသိကျိုးကျွံပြုကာ တပ်မတော်နှင့် ပြည်သူသွေးကွဲအောင်၊ တပ်မတော်အင်အားချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲ အောင် သွေးခွဲမှိုင်းတိုက်နေသည် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏လုပ်ရပ်များကို သိရှိနားလည်ပြီး ဥပ ဒေဘောင်အတွင်းကနေ  သတိရှိရှိဖြင့် တွန်းလှန်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #ပြည်သူ့စစ်မှုထမ်းဥပဒေ #မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post