• Follow Us on

Home ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္း ဆိုင္းဘုတ္ဖ်က္စီးသည္ ၿမိဳ႕နယ္ NLD ပါတီဥကၠ႒၏ သားျဖစ္သူကို KNU လက္နက္ကိုင္အဖြဲ႕မွ ေခၚေဆာင္သြား

ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္း ဆိုင္းဘုတ္ဖ်က္စီးသည္ ၿမိဳ႕နယ္ NLD ပါတီဥကၠ႒၏ သားျဖစ္သူကို KNU လက္နက္ကိုင္အဖြဲ႕မွ ေခၚေဆာင္သြား

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၆
 
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္ကို ဖ်က္ ဆီးခဲ့သည့္ NLD ပါတီ ၿမိဳ႕နယ္ဥကၠ႒၏သားျဖစ္သူကို ကရင္လက္နက္ကိုင္အဖြဲ႕ KNU မွ လာေရာက္ေခၚေဆာင္ သြားေၾကာင္း NLD ပါတီ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သူ ဦးေစာေက်ာ္ဝင္းေမာင္ က အတည္ျပဳေျပာဆိုပါတယ္။
 
ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္အား လာေရာက္ဖ်တ္ဆီးခဲ့သူ ေစာဟဲဆိုသူအား လက္ရွိ က်ိဳက္ မေရာၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ ေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒ ပုဒ္မ ၅၇ ျဖင့္ ယမန္ေန႔က အမႈဖြင့္လွစ္ျခင္း ခံထားရသူလည္းျဖစ္ပါတယ္။
 
” KNU က လာေရာက္ေခၚေဆာင္သြားတယ္ သူက အရင္ကေဆးစြဲဖူးေတာ့ ရန္ကုန္က ရြာသာႀကီးေဆး႐ုံမွာ ေဆးျဖတ္ဖူးတယ္ အခုက သူက အခု ေသာက္ေနၾကေဆးက ျပတ္သြားေတာ့ အဲ့လိုျဖစ္သြားတာ KNU မွာ အရာခံဗိုလ္အဆင့္အထိ တာဝန္ထမ္းေဆာင္ဖူးပါတယ္” ဟု ဦးေစာေက်ာ္ဝင္းေမာင္က ေျပာပါတယ္။
 
ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္အား ဖ်က္ဆီးသူအား KNU အဖြဲ႕မွ လာေရာက္ေခၚေဆာင္ သြားျခင္းႏွင့္ပတ္သက္၍ ဥပေဒသည္ ဥပေဒအတိုင္းသာရွိသင့္ေၾကာင္း ျပည္သူ႔ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္စိုးကဆိုပါတယ္။
 
“ဘယ္သူပဲေခၚေဆာင္ေခၚေဆာင္ ဥပေဒဟာ ဥပေဒပါပဲ ဥပေဒဟာ ဥပေဒအတိုင္းပဲ ျဖစ္ရပါမယ္” ဟု ျပည္သူ႔ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္စိုးကေျပာပါတယ္။
 
က်ိဳက္မေရာၿမိဳ႕နယ္ NLD ပါတီ ၿမိဳ႕နယ္ဥကၠ႒သားဆိုသူမွ ျပည္သူ႔ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းဆိုင္းဘုတ္အား ဖ်က္ဆီးမႈကိစၥႏွင့္ပတ္သက္၍ NLD ပါတီႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ျဖစ္သူ ဦးေစာေက်ာ္ဝင္းေမာင္က ေျပာဆိုထားပါတယ္။
 
#PeopleMedia #က်ိဳက္မေရာ #NLD #KNU
 
(Unicode)
ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ဖျက်စီးသည် မြို့နယ် NLD ပါတီဥက္ကဋ္ဌ၏ သားဖြစ်သူကို KNU လက်နက်ကိုင်အဖွဲ့မှ ခေါ်ဆောင်သွား
…………………………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၆
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို ဖျက် ဆီးခဲ့သည့် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌ၏သားဖြစ်သူကို ကရင်လက်နက်ကိုင်အဖွဲ့ KNU မှ လာရောက်ခေါ်ဆောင် သွားကြောင်း NLD ပါတီ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစောကျော်ဝင်းမောင် က အတည်ပြုပြောဆိုပါတယ်။
 
ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်အား လာရောက်ဖျတ်ဆီးခဲ့သူ စောဟဲဆိုသူအား လက်ရှိ ကျိုက် မရောမြို့နယ် မြို့မရဲစခန်းမှ ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၅၇ ဖြင့် ယမန်နေ့က အမှုဖွင့်လှစ်ခြင်း ခံထားရသူလည်းဖြစ်ပါတယ်။
 
” KNU က လာရောက်ခေါ်ဆောင်သွားတယ် သူက အရင်ကဆေးစွဲဖူးတော့ ရန်ကုန်က ရွာသာကြီးဆေးရုံမှာ ဆေးဖြတ်ဖူးတယ် အခုက သူက အခု သောက်နေကြဆေးက ပြတ်သွားတော့ အဲ့လိုဖြစ်သွားတာ KNU မှာ အရာခံဗိုလ်အဆင့်အထိ တာဝန်ထမ်းဆောင်ဖူးပါတယ်” ဟု ဦးစောကျော်ဝင်းမောင်က ပြောပါတယ်။
 
ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်အား ဖျက်ဆီးသူအား KNU အဖွဲ့မှ လာရောက်ခေါ်ဆောင် သွားခြင်းနှင့်ပတ်သက်၍ ဥပဒေသည် ဥပဒေအတိုင်းသာရှိသင့်ကြောင်း ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးကျော်ကျော်စိုးကဆိုပါတယ်။
 
“ဘယ်သူပဲခေါ်ဆောင်ခေါ်ဆောင် ဥပဒေဟာ ဥပဒေပါပဲ ဥပဒေဟာ ဥပဒေအတိုင်းပဲ ဖြစ်ရပါမယ်” ဟု ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးကပြောပါတယ်။
 
ကျိုက်မရောမြို့နယ် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌသားဆိုသူမှ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဆိုင်းဘုတ်အား ဖျက်ဆီးမှုကိစ္စနှင့်ပတ်သက်၍ NLD ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစောကျော်ဝင်းမောင်က ပြောဆိုထားပါတယ်။
 
#PeopleMedia #ကျိုက်မရော #NLD #KNU

Share this post