• Follow Us on

Home ပြည်သူ့ပါတီမှ နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရန်ဆုံးဖြတ်

ပြည်သူ့ပါတီမှ နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရန်ဆုံးဖြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ပြည်သူ့ပါတီမှ နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်ကြောင်း ယနေ့ ပြည်သူ့ပါတီမှ ထုတ်ပြန်လိုက်သည်။

 

ယနေ့အချိန်သည် ဒီမိုကရေစီရေးအသွင် ပြဿနာဖြစ်စေသော အရပ်ဘက်-စစ်ဘက်ပဋိပက္ခ ဖယ်ဒရယ်ရေး ပြဿနာဖြစ်သော တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည့်တို့ကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် စိန်ခေါ်မှုအပြင်းထန်ဆုံးကာလပင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံရေးအရ ဖမ်းဆီးခံရမှုများ၊ သေကြေပျက်စီးမှုများ၊ မီးရှို့ဖျက်ဆီးခံနေရသည့် မြို့ရွာမြင်ကွင်းများ၊ သန်းနှင့် ချီလာသော စစ်ဘေးရှောင်ဒုက္ခသည်များသည်ဘက်အသီးသီးမှ အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကြောင့် လုံခြုံမှုကင်းမဲ့လာခြင်းများက နေ့စဉ်နှင့်အမျှ မြင်တွေ့နေရကြောင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံတော်၏ နိုင်ငံရေးပြဿနာအ၀၀ကို ဖြေရှင်းနိုင်ရန်မှာ ဒီမိုကရေစီရေး၊ ဖယ်ဒရယ်ရေးအပေါ်တွင် တစိုက် မတ်မတ် ခိုင်ခိုင်မာမာရပ်တည်မည့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ်တည်ရှိရန် လိုအပ်သည်ဟု ယုံ ကြည်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်သူ့ပါတီသည် အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျှက် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် လူအား၊ ငွေအား၊ အကြံဉာဏ်အားဖြင့် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ကြောင်း ထုတ် ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post