• Follow Us on

Home ျပည္သူ႔ပါတီ အလုပ္သမားေရးရာတာ၀န္ခံ ဦးျမတ္ေက်ာ္ ကူးစက္ေရာဂါကာကြယ္ေရးဥပေဒပုဒ္မ ၁၅ ျဖင့္ တရားစြဲခံရ ဇူလိုင္ ၁၅ ရက္ ဒဂုံေတာင္တရား႐ုံးတြင္ေျဖရွင္းရမည္

ျပည္သူ႔ပါတီ အလုပ္သမားေရးရာတာ၀န္ခံ ဦးျမတ္ေက်ာ္ ကူးစက္ေရာဂါကာကြယ္ေရးဥပေဒပုဒ္မ ၁၅ ျဖင့္ တရားစြဲခံရ ဇူလိုင္ ၁၅ ရက္ ဒဂုံေတာင္တရား႐ုံးတြင္ေျဖရွင္းရမည္

Share this post

ရန္ကုန္၊ ဇူလုိင္ ၁၃

ျပည္သူ႔ပါတီ အလုပ္သမားေရးရာတာ၀န္ခံ ဦးျမတ္ေက်ာ္အား ကူးစက္ေရာဂါကာကြယ္ေရးဥပေဒပုဒ္မ ၁၅ ျဖင့္ တရားစြဲဆိုခံထားၿပီး အမႈကို ဇူလိုင္ ၁၅ ရက္ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းတရား႐ုံးတြင္ ေျဖရွင္းရမည္ျဖစ္ေၾကာင္း ကာယကံရွင္ထံမွ သိရသည္။

ဇူလိုင္ ၁၃ ရက္ PEOPLE MEDIA က ဆက္သြယ္ေမးျမန္းရာတြင္ ျပည္သူ႔ပါတီ အလုပ္သမားေရးရာ တာ၀န္ခံ ဦးျမတ္ေက်ာ္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“EBEC အလုပ္သမားဆႏၵျပပြဲနဲ႔ပတ္သက္ၿပီး လြန္ခဲ့ေသာ ၂ လေလာက္ကဟာေပါ႔။ အဲဒါကို ရဲက စစ္ခ်က္ယူရ တယ္။ အခုတရားစြဲဖို႔က်လာေတာ့ ကူးစက္ေရာဂါကာကြယ္တားဆီးေရးဥပေဒပုဒ္မ ၁၅ နဲ႔ တရားစြဲဆိုပါတယ္။ ဇူလိုင္ ၁၅ ရက္ေန႔ ေန႔လည္ ၁၁ နာရီတရား႐ုံးလာဖို႔ေပါ႔ ဆင့္ေခၚထားပါတယ္။ ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္ တို႔က အလုပ္သမား၊ လယ္သမား၊ အေျခခံလူတန္းစားအက်ိဳးကို လိုက္လံေျဖရွင္းေဆာင္ရြက္ေပးတာေပါ႔။ ဒီလို တရားစြဲဆိုတာကေတာ့ သင့္ေတာ္တဲ့လုပ္ရပ္မဟုတ္ဘူးလို႔ ေျပာခ်င္ပါတယ္’’ဟု ၎ကေျပာသည္။

အဆိုပါအလုပ္သမားဆႏၵပြဲအား ဦးျမတ္ေက်ာ္အေနျဖင့္ ျပည္သူ႔ပါတီ အလုပ္သမားေရးရာတာ၀န္ခံအေနျဖင့္ သြားေရာက္ေျဖရွင္းခဲ့ျခင္းျဖစ္ၿပီး အလုပ္သမားဆက္ဆံေရးဦးစီးဌာနမွ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၂၀၁၁ ခုႏွစ္ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒပုဒ္မ ၁၅ သည္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ အမိန္႔၊ ၫႊန္ၾကားခ်က္တို႔အား လိုက္နာရန္ပ်က္ကြက္ပါက တရားစြဲဆိုႏိုင္သည့္ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားပါက ဒဏ္ေငြက်ပ္ငါးေထာင္ထက္မပိုသည့္ အမိန္႔ကိုခ်မွတ္ႏိုင္ေၾကာင္းသိရသည္။

#PeopleMedia #ျပည္သူ႔ပါတီ

(unicode)
ပြည်သူ့ပါတီ အလုပ်သမားရေးရာတာဝန်ခံ ဦးမြတ်ကျော် ကူးစက်ရောဂါကာကွယ်ရေးဥပဒေပုဒ်မ ၁၅ ဖြင့် တရားစွဲခံရ ဇူလိုင် ၁၅ ရက် ဒဂုံတောင်တရားရုံးတွင်ဖြေရှင်းရမည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၃

ပြည်သူ့ပါတီ အလုပ်သမားရေးရာတာဝန်ခံ ဦးမြတ်ကျော်အား ကူးစက်ရောဂါကာကွယ်ရေးဥပဒေပုဒ်မ ၁၅ ဖြင့် တရားစွဲဆိုခံထားပြီး အမှုကို ဇူလိုင် ၁၅ ရက်ဒဂုံမြို့သစ်တောင်ပိုင်းတရားရုံးတွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

ဇူလိုင် ၁၃ ရက် PEOPLE MEDIA က ဆက်သွယ်မေးမြန်းရာတွင် ပြည်သူ့ပါတီ အလုပ်သမားရေးရာ တာဝန်ခံ ဦးမြတ်ကျော်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“EBEC အလုပ်သမားဆန္ဒပြပွဲနဲ့ပတ်သက်ပြီး လွန်ခဲ့သော ၂ လလောက်ကဟာပေါ့။ အဲဒါကို ရဲက စစ်ချက်ယူရ တယ်။ အခုတရားစွဲဖို့ကျလာတော့ ကူးစက်ရောဂါကာကွယ်တားဆီးရေးဥပဒေပုဒ်မ ၁၅ နဲ့ တရားစွဲဆိုပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီတရားရုံးလာဖို့ပေါ့ ဆင့်ခေါ်ထားပါတယ်။ ပြောချင်တာကတော့ ကျွန်တော် တို့က အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားအကျိုးကို လိုက်လံဖြေရှင်းဆောင်ရွက်ပေးတာပေါ့။ ဒီလို တရားစွဲဆိုတာကတော့ သင့်တော်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပြောချင်ပါတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါအလုပ်သမားဆန္ဒပွဲအား ဦးမြတ်ကျော်အနေဖြင့် ပြည်သူ့ပါတီ အလုပ်သမားရေးရာတာဝန်ခံအနေဖြင့် သွားရောက်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၁ ခုနှစ် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၅ သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်တို့အား လိုက်နာရန်ပျက်ကွက်ပါက တရားစွဲဆိုနိုင်သည့်ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ဒဏ်ငွေကျပ်ငါးထောင်ထက်မပိုသည့် အမိန့်ကိုချမှတ်နိုင်ကြောင်းသိရသည်။

#PeopleMedia #ပြည်သူ့ပါတီ


Share this post