• Follow Us on

Home ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ် များအားလုံးကို န-စ-က မှ နိုင်ငံရေးပင်စင်ပေးမည်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ် များအားလုံးကို န-စ-က မှ နိုင်ငံရေးပင်စင်ပေးမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂ (People Media)

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို န-စ-က မှ နိုင်ငံရေးပင်စင် စတင်ထုတ်ပေးလျက်ရှိနေကြောင်း လွှတ်တော်ကိုယ် စားလှယ်ဟောင်းများက People Media ကို ပြောပါတယ်။

 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များရှိ လွှတ်တော်ကိုယ်စား လှယ်များကို ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မအရ နိုင်ငံရေးပင်စင် ထုတ်ပေးနေခြင်းဖြစ်ပါတယ်။

 

ယင်းသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လွှတ်တော်ကိုယ်စား လှယ်များအားလုံးကို န-စ-က မှ နိုင်ငံရေးပင်စင်များထုတ်ပေးရာ၌ ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ် ဟောင်းများသည် ထုတ်ယူသင့်/မယူသင့် သဘောထားကွဲလျက်ရှိနေပါတယ်။

 

ထိုကဲ့သို့ ထုတ်ယူသင့်/မသင့် သဘောထားကွဲနေသည့်အပေါ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက “သူတို့က မယူချင်ဘူးလုပ်မနေနဲ့ သူတို့ပေးမှရမှာ သူတို့ဆီက အပေါ်စီးကနေကို တင်လို့မရ ဘူး။ ကျားက ချမ်းသာမှ နွားက အသက်ရှည်မှာပဲ” လို့ ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက န-စ-က မှ ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင် ထုတ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။

 

Photo – credit

 

#Peoplemedia #နိုင်ငံရေးပင်စင်

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post