• Follow Us on

Home ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

Share this post

မော်လမြိုင်၊ စက်တင်ဘာ ၁၇ (People Media)

 

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးရန်ရှင်းသည် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။

 

ဦးရန်ရှင်းသည် ယမန်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ အောင်သပြေအနီး၌ ရှိနေစဉ် အမည်မ သိသူ လူတစ်စုမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ ချက် ပစ်သွားခြင်းဖြစ်သည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးရန်ရှင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဦးရန်ရှင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ကိုယ်စားပြုပြီး မွန်ပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

 

ဦးရန်ရှင်းသေဆုံးမှုနှင့် ပက်သက်ပြီး ဒေသခံ PDF အဖွဲ့က (KRF) တော်လှန်ရေးအင်အားစုများကို အနှောင့် အယှက်ပေးနေသည့်အတွက် သုတ်သင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post