• Follow Us on

Home ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Share this post

နပြည်တော်၊ မတ် ၁၉

 

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး တက်ရောက်ခဲ့သည်။

 

“ကိုဗစ်-၁၉ စီးပွာရေးကုစားမှုအစီအစဉ်အရ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစတင်ပြီး ပြည်သူ့အငှားအိမ်ရာ အခန်း (၁၀၀၀၀) စီမံကိန်း၏ Phase (I) အိမ်ခန်း (၅၀၀၈) ခန်း၏ လုပ်ငန်းများ ပြီးစီးမှုအနေဖြင့် နေပြည် တော်တွင် ၉၀ ရာခိုင်နှုန်း၊ မန္တလေးတွင် ၈၂ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၃ ရာခိုင်နှုန်းအထိ တိုးတက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ စီမံကိန်းအတွက် ကျခံသုံးစွဲထားသည့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရန် အလေး ထား စိစစ်လျက်ရှိပါကြောင်း၊ နေထိုင်မည့် ပြည်သူများ အဆင်ပြေစေရန် မြေပြင်အခြေအနေအရ ကျောင်း/ ဆေးရုံ/ဈေး စသည့်လိုအပ်ချက်များ၊ အခြေခံအဆောက်အအုံများ ပြည့်စုံစေရေးနှင့် လုပ်ငန်းများ တိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်ပေးစေလိုပါကြောင်း” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောသည်။

 

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန်က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ၊ အိမ်ရာစီမံကိန်း၏ အခြေခံသတ်မှတ်ချက်များ၊ မူဝါဒများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 

#PeopleMedia


Share this post