• Follow Us on
Latest News

Home ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် မရမ်းကုန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံမည်


Share this post

ရန်ကုန်၊ သြဂုတ် – ၇







#PeopleMedia #PPP

(unicode)
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် မရမ်းကုန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံမည်
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၇

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် မရမ်းကုန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံသွားမယ်လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ၏ ခေါင်း ဆောင်တစ်ဦးဖြစ်သည် ဒေါ်မေဝင်းမြင့်(NLD-CEC) အနိုင်ရရှိခဲ့သည့် နေရာတစ်ခုဖြစ်သည်။

အလားတူ လာမည့် ရွေးကောက်ပွဲ၌ ဒေါ်မေဝင်းမြင့်သည် မရမ်းကုန်းပြည်သူ့လွှတ်တော်နေရာမှ ထပ်မံဝင် ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

“မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ”လို့ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

လာမည့်ရွေးကောက်ပွဲ၌ ပြည်သူ့ရှေ့ဆောင်ပါတီသည် မဲဆန္ဒနယ် (၂၅၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။

ထို့အတူ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်(လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ)နှင့် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးဝင်းမြင့်(လက်ရှိ သမ္မတ) တို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တာမွေနှင့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် နေရာများသို့ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိပါ။

#PeopleMedia #PPP


Share this post