• Follow Us on

Home ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျ ပါတီတာဝန်မှ အနားယူ

ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျ ပါတီတာဝန်မှ အနားယူ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇေယျသည် ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်မှ အနားယူ ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်၌ ဦးကျော်ဇေယျသည် ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၌ ပွတ်တိုက်မှု များ ဖြစ်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ ပါတီတာဝန်မှ အနားယူခြင်းနှင့်ပတ်သက်၍ People Media က ဦးကျော်ဇေယျထံ ဖုန်းဖြင့် ဆက် သွယ်ရာ၌ ၎င်းက “အဲ့ဒီသတင်းကတော့ မှန်ပါတယ်။ ဒီလ ဇန်နဝါရီကနေစပြီးတော့ အနားယူတာဖြစ်ပါတယ်၊ တစ်နှစ်လောက်အနားယူတာဖြစ်ပါတယ်၊ ပါတီကလဲ ခွင့်ပြုပါတယ်၊ အဓိကတော့ အနားယူတဲ့ကိစ္စဟာ စီးပွား ရေးလုပ်ငန်းတွေကို ပြန်လည်စီစဉ်ဆောင်ရွက်ဖို့နဲ့ ကိုဗစ်ကာလပြီးရင် နိုင်ငံခြားကို ခရီးရက်ရှည်ထွက်ဖို့ ဖြစ်ပါ တယ်” လို့ ပြောဆိုသည်။

ဦးကျော်ဇေယျအနေဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုဥက္ကဋ္ဌတာဝန်မှ ရေရှည်အနားယူခြင်း ရှိ/မရှိနှင့် ပတ် သက်၍ ပါတီညီလာခံက ဆုံးဖြတ်ရမည်ဖြစ်သည်။

“ဒီကြားထဲမှာ ညီလာခံလုပ်ရင် အန်ကယ်က ဒုဥက္ကဋ္ဌ ဖြစ်ချင်မှဖြစ်မှာပေ့ါ။ ၂၀၂၂ မှာ အန်ကယ် ပါတီလုပ် ငန်းလုပ်ရင် ဒုဥက္ကဋ္ဌလဲဖြစ်ချင်ဖြစ်မယ် ရိုးရိုးပါတီဝင်ပဲဖြစ်ချင်ဖြစ်မယ်။ ဒါက CEC ရဲ့ ဆုံးဖြတ်ချက်ပါ အန် ကယ်ကတော့မသိသေးဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။

#PeopleMedia #PPP #ဦးကျော်ဇေယျ

(unicode)
………………………………………..









Share this post