• Follow Us on

Home “ျပည္ေထာင္စုဝန္ႀကီးေတြထဲမွာဆိုရင္ ေဒါက္တာေအာင္သူလို၊ ဦးအုန္းဝင္းလို၊ ဦးဟန္ေဇာ္လို၊ ေဒါက္တာမ်ိဳး သိမ္းႀကီးလို၊ ဦးအုန္းေမာင္လို၊ ဦးေဖျမင့္လို၊ ဦးနိုင္သက္လြင္လို ပုဂၢိဳလ္မ်ိဳးေတြဟာ ျပန္လည္ပါဝင္ခြင့္ရနိုင္ဖို႔ဟာ အင္မတန္ကို အခြင့္အလမ္းနည္းပါးပါတယ္”

“ျပည္ေထာင္စုဝန္ႀကီးေတြထဲမွာဆိုရင္ ေဒါက္တာေအာင္သူလို၊ ဦးအုန္းဝင္းလို၊ ဦးဟန္ေဇာ္လို၊ ေဒါက္တာမ်ိဳး သိမ္းႀကီးလို၊ ဦးအုန္းေမာင္လို၊ ဦးေဖျမင့္လို၊ ဦးနိုင္သက္လြင္လို ပုဂၢိဳလ္မ်ိဳးေတြဟာ ျပန္လည္ပါဝင္ခြင့္ရနိုင္ဖို႔ဟာ အင္မတန္ကို အခြင့္အလမ္းနည္းပါးပါတယ္”

Share this post

NLD အစိုးရသစ္ ဘယ္လိုပုံစံဖြဲ႕စည္းမလဲ

ေဆာင္းပါး၊ ဒီဇင္ဘာ ၄

အေထြေထြေရြးေကာက္ပြဲႀကီးတစ္ရပ္ ၿပီးစီးသြားတဲ့အခါမွာ ထုံးစံအတိုင္းပဲ အနိုင္ရရွိမႈ ရလဒ္အေျခအေနကို ၾကည့္ၿပီး လာမယ့္ ငါးႏွစ္တာ ကာလအတြက္ လႊတ္ေတာ္အခင္းအက်င္း၊ အစိုးရသစ္ အခင္းအက်င္းေတြကို မီဒီယာေတြ၊ နိုင္ငံေရးေလ့လာသုံးသပ္သူေတြအေနနဲ႔ ဆန္းစစ္ေလ့လာ ခန႔္မွန္းသုံးသပ္ၾကပါတယ္။

အခုလည္း ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲႀကီး ၿပီးစီးသြားတဲ့အခါမွာ အထက္ပါသုံးသပ္ခန႔္မွန္းခ်က္ေတြဟာ မီဒီယာေတြ႕နဲ႔ နိုင္ငံေရးေလ့လာသုံးသပ္သူေတြၾကားမွာ ထြက္ေပၚလို႔ေနၿပီျဖစ္ပါတယ္။

အခု ၂၀၂၀ ‌ေရြးေကာက္ပြဲမွာ အန္အယ္လ္ဒီဟာ အံ့ဩဖြယ္ရာရလဒ္နဲ႔အတူ လာမယ့္ ငါးႏွစ္တာကာလ လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ဦးေရအမ်ားဆုံးရရွိမႈ၊ အစိုးရကို ဖြဲ႕စည္းနိုင္ခြင့္ေတြကို ရရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ အန္အယ္လ္ဒီအေနနဲ႔ လာမယ့္ငါးႏွစ္တာကာလမွာ တိုင္းျပည္ကို စီမံခန႔္ခြဲေရးအတြက္ ဘယ္လိုပုံစံနဲ႔ အစိုးရသစ္တစ္ရပ္ကို ဖြဲ႕စည္းလာမလဲဆိုတာဟာ အားလုံး စိတ္ဝင္တစားေစာင့္ ၾကည့္ေနၾကရပါတယ္။

ေျပာရမယ္ဆိုရင္ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲရလဒ္အရ အန္အယ္လ္ဒီအေနနဲ႔ ဦးေဆာင္ဖြဲ႕စည္းေဆာင္ရြက္ခြင့္ရထားတဲ့ လက္ရွိ အစိုးရအဖြဲ႕ဟာ ျပည္သူေတြအေနနဲ႔ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား ႏွစ္သက္ေက်နပ္မႈ မရွိတဲ့ အစိုးရအဖြဲ႕တစ္ရပ္ေတာ့ ျဖစ္ပါတယ္။ ဒါကလည္း ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲအၿပီး ရွိေနတဲ့ ပကတိအရွိတရားေတြအရ ျဖစ္ေပၚလာတဲ့ အေျခအေနျဖစ္တယ္လို႔ပဲ ေျပာ ရမွာ ျဖစ္ပါတယ္။

ပကတိအရွိတရားေတြလို႔ ေျပာရတဲ့ ပထမဦးဆုံးအခ်က္ကေတာ့ ၂၀၁၅ ေရြးေကာက္ပြဲအၿပီးကာလအထိ အန္အယ္လ္ဒီဟာ ႏွစ္ေပါင္း မ်ားစြာ အဖိႏွိပ္ခံအဖြဲ႕အစည္းအျဖစ္ အုပ္ခ်ဳပ္ေရးပိုင္းမွာ အေတြ႕အၾကဳံလုံးဝမရွိတဲ့ အေျခအေနျဖစ္ပါတယ္။ အန္အယ္လ္ဒီအေနနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲအနိုင္ရၿပီးေနာက္ပိုင္း ပထမဆုံးအေနနဲ႔ အာဏာရပါတီတစ္ရပ္အျဖစ္ အစိုးရဖြဲ႕စည္းဖို႔ျဖစ္လာတဲ့အခါမွာ အေၿခ အေနအၾကပ္အတည္း အမ်ိဳးမ်ိဳးကို ရင္ဆိုင္ခဲ့ရပါတယ္။ ပထမဆုံးအၾကပ္အတည္းကေတာ့ လူျပႆနာပါ။ ျမန္မာနိုင္ငံမွာ စြမ္း ေဆာင္ရည္ရွိတဲ့ လူေပါင္းမ်ားစြာရွိၾကတာမွန္ေပမယ့္ အန္အယ္လ္ဒီအေနနဲ႔ သူ႔ရဲ့ မူဝါဒကို အေကာင္အထည္ေဖာ္ဖို႔ လူေရြးခ်ယ္ရတဲ့ ေနရာမွာ အေတာ္ကို ခက္ခဲပါတယ္။ အစိုးရအဖြဲ႕အတြင္း ပါဝင္ဖို႔ ကမ္းလွမ္းခဲ့တဲ့ အခ်ိဳ႕ေသာ ပုဂၢိဳလ္ေတြဆိုရင္ ကမ္းလွမ္းမႈကို လက္ မခံဝင့္တဲ့ အေနအထားမ်ိဳးေတြေတာင္ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အန္အယ္လ္ဒီအေနနဲ႔ ရရွိနိုင္သေလာက္ အျဖစ္နိုင္ဆုံးလို႔ ဆုံးျဖတ္ရတဲ့ သူေတြနဲ႔ပဲ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းနိုင္ခဲ့ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ နိုင္ငံေရးအၾကပ္အတည္းျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲအၿပီး အန္အယ္လ္ဒီအေနနဲ႔ ေတာင္ၿပိဳကမ္းၿပိဳ အနိုင္ရရွိခဲ့ေပမယ့္ တကယ့္တကယ္ အာဏာအတြင္းစည္းထဲမွာ အေျပာင္းအလဲဟာ မတည္ၿငိမ္ေသးတဲ့ကာလပါ။ လက္ရွိအန္အယ္ လ္ဒီရဲ့ အာဏာပိုင္အဝန္းအဝိုင္းထဲက ထိပ္ပိုင္းေခါင္းေဆာင္တစ္ခ်ိဳ႕ရဲ့ ေျပာၾကားခ်က္အရဆိုရင္ အာဏာလႊဲေျပာင္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေဆာင္ရြက္ေနတဲ့ ကာလအပိုင္းအျခားအတြင္းမွာ အေတာ္ကို သတိႀကီးႀကီးထားၿပီး က်ားကုတ္က်ားခဲနဲ႔ ႀကိဳးပမ္းေဆာင္ရြက္ ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ ဖြဲ႕စည္းပုံဆိုင္ရာ အၾကပ္အတည္းပဲ ျဖစ္ပါတယ္။ အန္အယ္လ္ဒီအေနနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲမွာ အနိုင္ရရွိၿပီး အစိုးရဖြဲ႕စည္းခြင့္ရတဲ့အခါ နိုင္ငံေတာ္သမၼတအျဖစ္ တိုင္းျပည္ကို ဦးေဆာင္သြားဖို႔ အျဖစ္သင့္ဆုံးဟာ ေဒၚေအာင္ဆန္း စုၾကည္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖြဲ႕စည္းပုံဆိုင္ရာ အၾကပ္အတည္းအရ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သမၼတျဖစ္ခြင့္မရပါဘူး။ ဒီေတာ့ သမၼတအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ မူဝါဒေတြကို လိုက္နာအေကာင္အထည္ေဖာ္နိုင္မယ့္ သူမ်ိဳးကို ေရြးခ်ယ္ရသလို၊ အစိုးရအဖြဲ႕အတြင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေခါင္းေဆာင္မႈေနရာအတြက္လည္း ဒီအၾကပ္အတည္းကို ေက်ာ္လႊားေဆာင္ရြက္ရ တာမ်ိဳးေတြ ရွိခဲ့ပါတယ္။

ဒီအေျခအေနအရပ္ရပ္အရ အန္အယ္လ္ဒီအေနနဲ႔ စိတ္ႀကိဳက္အစိုးရမ်ိဳးကို ဖြဲ႕စည္းနိုင္ခြင့္မရရွိခဲ့ပါဘူး။

ဒါ့အျပင္ သတိအႀကီးဆုံးထားရတာကေတာ့ အစိုးရအဖြဲ႕အတြင္း ပါဝင္မယ့္သူေတြဟာ လက္ရွိနိုင္ငံေရး တည္ရွိမႈကို မထိခိုက္ေစမယ့္ သူမ်ိဳး မျဖစ္ဖို႔ပါ။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ငါးႏွစ္တာကာလအတြင္း အစိုးရအဖြဲ႕ရဲ့ လႈပ္ရွားေဆာင္ရြက္မႈေတြဟာ တြန္းတြန္းတိုက္တိုက္ လႈပ္လႈပ္ရွားရွားေဆာင္ရြက္သူေတြဆိုတာထက္ အေျခအေနကို မထိခိုက္ေစတဲ့ သူမ်ိဳးေတြနဲ႔ လႈပ္ရွားလည္ပတ္ေဆာင္ရြက္ခဲ့ရတာလို႔ ဆိုရပါလိမ့္မယ္။

အခု ၂၀၂၀ ေရြးေကာက္ပြဲအၿပီး အေျခအေနကေတာ့ ဒီအေျခအေနနဲ႔ ကြာျခားမႈေတြ ရွိခဲ့ပါၿပီ။

ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အၾကပ္အတည္းက တည္ရွိဆဲျဖစ္ေပမယ့္ အန္အယ္လ္ဒီအေနနဲ႔ အာဏာ အေတြ႕အၾကဳံကို ငါးႏွစ္တာ ရရွိခဲ့ၿပီး ျဖစ္သလို၊ နိုင္ငံေရး အေျပာင္းအလဲဟာလည္း တည္ၿငိမ္သင့္သေလာက္ တည္ၿငိမ္လာၿပီလို႔ ဆိုရပါလိမ့္မယ္။ ဒါ့အျပင္ လက္ရွိမွာ အန္အယ္လ္ဒီအေနနဲ႔ ၂၀၁၅ လိုမဟုတ္ဘဲ အစိုးရအဖြဲ႕အစည္းကို ဖြဲ႕စည္းပုံအေျခခံဥပေဒေပးထားခ်က္အရကလြဲလို႔ စိတ္ႀကိဳက္လူေတြနဲ႔ စိတ္တိုင္းက် ဖြဲ႕စည္းနိုင္တဲ့ အေျခအေနကို ေရာက္ရွိေနပါၿပီ။

လက္ရွိအန္အယ္လ္ဒီ ေခါင္းေဆာင္ပိုင္းေတြဆီက ၾကားရတဲ့ သတင္းစကားေတြအရဆိုရင္လည္း လာမယ့္ အစိုးရ အဖြဲ႕သစ္ဟာ တကယ့္ကို အခ်ိတ္အဆက္မိမိနဲ႔ လႈပ္လႈပ္ရွားရွား တြန္းတြန္းတိုက္တိုက္ ကစားနိုင္မယ့္သူေတြကို ေရြးခ်ယ္သြားမယ္လို႔ ဆိုၾကပါတယ္။

အထူးသျဖင့္ လာမယ့္အစိုးရအဖြဲ႕သစ္မွာ ျပည္ေထာင္စုအစိုးရအဆင့္မွာ ဆိုရလည္း ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း အထေႏွးခဲ့တဲ့ သူေတြဟာ ထပ္မံပါဝင္လာနိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဥပမာအေနနဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြထဲမွာဆိုရင္ ေဒါက္တာေအာင္သူလို၊ ဦးအုန္းဝင္း လို၊ ဦးဟန္ေဇာ္လို၊ ေဒါက္တာမ်ိဳးသိမ္းႀကီးလို၊ ဦးအုန္းေမာင္လို၊ ဦးေဖျမင့္လို၊ ဦးနိုင္သက္လြင္လို ပုဂၢိဳလ္မ်ိဳးေတြဟာ ျပန္လည္ပါဝင္ ခြင့္ရနိုင္ဖို႔ဟာ အင္မတန္ကို အခြင့္အလမ္းနည္းပါးပါတယ္။ ေဒါက္တာဝင္းျမတ္ေအးလို၊ ဦးသန႔္စင္ေမာင္လို၊ ေဒါက္တာျမင့္ေထြးလို လႈပ္လႈပ္ရွားရွား တြန္းတြန္းတိုက္တိုက္နဲ႔ မူဝါဒေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္တဲ့ ပုဂၢိဳလ္ေတြကေတာ့ က်ိန္းေသေပါက္ ျပန္လည္ ပါဝင္လာနိုင္မွာပါ။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို ၾကည့္မယ္ဆိုရင္လည္း ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္လို၊ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္လို၊ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္လို ပုဂၢိဳလ္ေတြ အေနနဲ႔ဆိုရင္ လာမယ့္ ငါးႏွစ္တာသက္တမ္းမွာ ျပန္လည္တာဝန္ထမ္း ေဆာင္ခြင့္ရနိုင္ေခ်ဟာ အင္မတန္နည္းပါးပါတယ္။

လာမယ့္ ငါးႏွစ္တာကာလ အန္အယ္လ္ဒီရဲ့ အစိုးရသစ္ေရြးခ်ယ္ဖြဲ႕စည္းမႈမွာ အဓိကၾကသူတစ္ဦးျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ့ သတင္းစကားအရဆိုရင္လည္း အစိုးရသစ္ဖြဲ႕စည္းမႈမွာ ျပည္သူလူထုထံက စကားသံကို နားေထာင္ ထည့္သြင္းစဥ္းစားၿပီး ဖြဲ႕စည္းသြား မယ္လို႔ ၾကားသိရပါတယ္။

ဒါေၾကာင့္ လာမယ့္ ငါးႏွစ္တာကာလအတြက္ အန္အယ္လ္ဒီက ဖြဲ႕စည္းမယ့္ အစိုးရသစ္ပုံစံဟာ လႈပ္လႈပ္ရွားရွား တြန္းတြန္းတိုက္ တိုက္နဲ႔ နိုင္ငံရဲ့တိုးတက္မႈအေရႊ႕ကို ခပ္သြက္သြက္တြန္းတင္နိုင္မယ့္ သူေတြနဲ႔ဖြဲ႕စည္းလာမယ့္ အစိုးရတစ္ရပ္ပုံစံမ်ိဳးကို ေတြ႕ရွိရ မယ္လို႔ ေမၽွာ္မွန္းရပါတယ္။ လက္ရွိေတြ႕ျမင္ေနရတဲ့ အေျခအေနေတြအရလည္း အန္အယ္လ္ဒီအေနနဲ႔ နိုင္ငံအုပ္ခ်ဳပ္စီမံခန႔္ခြဲမႈ အာ ဏာအဝန္းအဝိုင္းအတြင္းမွာ ဗ်ဴဟာသစ္တစ္ရပ္ကို ေျပာင္းလဲေဆာင္ရြက္ဖို႔ အခ်ိန္တန္ေနၿပီ ျဖစ္ပါတယ္။

အံ့ေခါင္မင္း

ေဆာင္းပါးရွင္၏ အာေဘာ္သာျဖစ္သည္။

#PeopleMedia #EPN #NLD

(unicode)
“ပြည်ထောင်စုဝန်ကြီးတွေထဲမှာဆိုရင် ဒေါက်တာအောင်သူလို၊ ဦးအုန်းဝင်းလို၊ ဦးဟန်ဇော်လို၊ ဒေါက်တာမျိုး သိမ်းကြီးလို၊ ဦးအုန်းမောင်လို၊ ဦးဖေမြင့်လို၊ ဦးနိုင်သက်လွင်လို ပုဂ္ဂိုလ်မျိုးတွေဟာ ပြန်လည်ပါဝင်ခွင့်ရနိုင်ဖို့ဟာ အင်မတန်ကို အခွင့်အလမ်းနည်းပါးပါတယ်”

NLD အစိုးရသစ် ဘယ်လိုပုံစံဖွဲ့စည်းမလဲ

ဆောင်းပါး၊ ဒီဇင်ဘာ ၄

အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ် ပြီးစီးသွားတဲ့အခါမှာ ထုံးစံအတိုင်းပဲ အနိုင်ရရှိမှု ရလဒ်အခြေအနေကို ကြည့်ပြီး လာမယ့် ငါးနှစ်တာ ကာလအတွက် လွှတ်တော်အခင်းအကျင်း၊ အစိုးရသစ် အခင်းအကျင်းတွေကို မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအနေနဲ့ ဆန်းစစ်လေ့လာ ခန့်မှန်းသုံးသပ်ကြပါတယ်။

အခုလည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ပြီးစီးသွားတဲ့အခါမှာ အထက်ပါသုံးသပ်ခန့်မှန်းချက်တွေဟာ မီဒီယာတွေ့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြားမှာ ထွက်ပေါ်လို့နေပြီဖြစ်ပါတယ်။

အခု ၂၀၂၀ ‌ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ အံ့ဩဖွယ်ရာရလဒ်နဲ့အတူ လာမယ့် ငါးနှစ်တာကာလ လွှတ်တော်မှာ ကိုယ်စားလှယ် ဦးရေအများဆုံးရရှိမှု၊ အစိုးရကို ဖွဲ့စည်းနိုင်ခွင့်တွေကို ရရှိခဲ့ကြပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ လာမယ့်ငါးနှစ်တာကာလမှာ တိုင်းပြည်ကို စီမံခန့်ခွဲရေးအတွက် ဘယ်လိုပုံစံနဲ့ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းလာမလဲဆိုတာဟာ အားလုံး စိတ်ဝင်တစားစောင့် ကြည့်နေကြရပါတယ်။

ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အန်အယ်လ်ဒီအနေနဲ့ ဦးဆောင်ဖွဲ့စည်းဆောင်ရွက်ခွင့်ရထားတဲ့ လက်ရှိ အစိုးရအဖွဲ့ဟာ ပြည်သူတွေအနေနဲ့ ရာခိုင်နှုန်းအတော်များများ နှစ်သက်ကျေနပ်မှု မရှိတဲ့ အစိုးရအဖွဲ့တစ်ရပ်တော့ ဖြစ်ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ရှိနေတဲ့ ပကတိအရှိတရားတွေအရ ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တယ်လို့ပဲ ပြော ရမှာ ဖြစ်ပါတယ်။

ပကတိအရှိတရားတွေလို့ ပြောရတဲ့ ပထမဦးဆုံးအချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီးကာလအထိ အန်အယ်လ်ဒီဟာ နှစ်ပေါင်း များစွာ အဖိနှိပ်ခံအဖွဲ့အစည်းအဖြစ် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံလုံးဝမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ အာဏာရပါတီတစ်ရပ်အဖြစ် အစိုးရဖွဲ့စည်းဖို့ဖြစ်လာတဲ့အခါမှာ အခြေ အနေအကြပ်အတည်း အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ပထမဆုံးအကြပ်အတည်းကတော့ လူပြဿနာပါ။ မြန်မာနိုင်ငံမှာ စွမ်း ဆောင်ရည်ရှိတဲ့ လူပေါင်းများစွာရှိကြတာမှန်ပေမယ့် အန်အယ်လ်ဒီအနေနဲ့ သူ့ရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ လူရွေးချယ်ရတဲ့ နေရာမှာ အတော်ကို ခက်ခဲပါတယ်။ အစိုးရအဖွဲ့အတွင်း ပါဝင်ဖို့ ကမ်းလှမ်းခဲ့တဲ့ အချို့သော ပုဂ္ဂိုလ်တွေဆိုရင် ကမ်းလှမ်းမှုကို လက် မခံဝင့်တဲ့ အနေအထားမျိုးတွေတောင် ရှိခဲ့ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ ရရှိနိုင်သလောက် အဖြစ်နိုင်ဆုံးလို့ ဆုံးဖြတ်ရတဲ့ သူတွေနဲ့ပဲ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေးအကြပ်အတည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီအနေနဲ့ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် တကယ့်တကယ် အာဏာအတွင်းစည်းထဲမှာ အပြောင်းအလဲဟာ မတည်ငြိမ်သေးတဲ့ကာလပါ။ လက်ရှိအန်အယ် လ်ဒီရဲ့ အာဏာပိုင်အဝန်းအဝိုင်းထဲက ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ရဲ့ ပြောကြားချက်အရဆိုရင် အာဏာလွှဲပြောင်းမှု ပြုလုပ်ဖို့ ပြင်ဆင်ဆောင်ရွက်နေတဲ့ ကာလအပိုင်းအခြားအတွင်းမှာ အတော်ကို သတိကြီးကြီးထားပြီး ကျားကုတ်ကျားခဲနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းပဲ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အစိုးရဖွဲ့စည်းခွင့်ရတဲ့အခါ နိုင်ငံတော်သမ္မတအဖြစ် တိုင်းပြည်ကို ဦးဆောင်သွားဖို့ အဖြစ်သင့်ဆုံးဟာ ဒေါ်အောင်ဆန်း စုကြည်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ခွင့်မရပါဘူး။ ဒီတော့ သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို လိုက်နာအကောင်အထည်ဖော်နိုင်မယ့် သူမျိုးကို ရွေးချယ်ရသလို၊ အစိုးရအဖွဲ့အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနေရာအတွက်လည်း ဒီအကြပ်အတည်းကို ကျော်လွှားဆောင်ရွက်ရ တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေအရပ်ရပ်အရ အန်အယ်လ်ဒီအနေနဲ့ စိတ်ကြိုက်အစိုးရမျိုးကို ဖွဲ့စည်းနိုင်ခွင့်မရရှိခဲ့ပါဘူး။

ဒါ့အပြင် သတိအကြီးဆုံးထားရတာကတော့ အစိုးရအဖွဲ့အတွင်း ပါဝင်မယ့်သူတွေဟာ လက်ရှိနိုင်ငံရေး တည်ရှိမှုကို မထိခိုက်စေမယ့် သူမျိုး မဖြစ်ဖို့ပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တွန်းတွန်းတိုက်တိုက် လှုပ်လှုပ်ရှားရှားဆောင်ရွက်သူတွေဆိုတာထက် အခြေအနေကို မထိခိုက်စေတဲ့ သူမျိုးတွေနဲ့ လှုပ်ရှားလည်ပတ်ဆောင်ရွက်ခဲ့ရတာလို့ ဆိုရပါလိမ့်မယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲအပြီး အခြေအနေကတော့ ဒီအခြေအနေနဲ့ ကွာခြားမှုတွေ ရှိခဲ့ပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းက တည်ရှိဆဲဖြစ်ပေမယ့် အန်အယ်လ်ဒီအနေနဲ့ အာဏာ အတွေ့အကြုံကို ငါးနှစ်တာ ရရှိခဲ့ပြီး ဖြစ်သလို၊ နိုင်ငံရေး အပြောင်းအလဲဟာလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်လာပြီလို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် လက်ရှိမှာ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ လိုမဟုတ်ဘဲ အစိုးရအဖွဲ့အစည်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရကလွဲလို့ စိတ်ကြိုက်လူတွေနဲ့ စိတ်တိုင်းကျ ဖွဲ့စည်းနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။

လက်ရှိအန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းတွေဆီက ကြားရတဲ့ သတင်းစကားတွေအရဆိုရင်လည်း လာမယ့် အစိုးရ အဖွဲ့သစ်ဟာ တကယ့်ကို အချိတ်အဆက်မိမိနဲ့ လှုပ်လှုပ်ရှားရှား တွန်းတွန်းတိုက်တိုက် ကစားနိုင်မယ့်သူတွေကို ရွေးချယ်သွားမယ်လို့ ဆိုကြပါတယ်။

အထူးသဖြင့် လာမယ့်အစိုးရအဖွဲ့သစ်မှာ ပြည်ထောင်စုအစိုးရအဆင့်မှာ ဆိုရလည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အထနှေးခဲ့တဲ့ သူတွေဟာ ထပ်မံပါဝင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြည်ထောင်စုဝန်ကြီးတွေထဲမှာဆိုရင် ဒေါက်တာအောင်သူလို၊ ဦးအုန်းဝင်း လို၊ ဦးဟန်ဇော်လို၊ ဒေါက်တာမျိုးသိမ်းကြီးလို၊ ဦးအုန်းမောင်လို၊ ဦးဖေမြင့်လို၊ ဦးနိုင်သက်လွင်လို ပုဂ္ဂိုလ်မျိုးတွေဟာ ပြန်လည်ပါဝင် ခွင့်ရနိုင်ဖို့ဟာ အင်မတန်ကို အခွင့်အလမ်းနည်းပါးပါတယ်။ ဒေါက်တာဝင်းမြတ်အေးလို၊ ဦးသန့်စင်မောင်လို၊ ဒေါက်တာမြင့်ထွေးလို လှုပ်လှုပ်ရှားရှား တွန်းတွန်းတိုက်တိုက်နဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကျိန်းသေပေါက် ပြန်လည် ပါဝင်လာနိုင်မှာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ကြည့်မယ်ဆိုရင်လည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်လို၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်လို၊ မွန်ပြည်နယ် ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်တွေ အနေနဲ့ဆိုရင် လာမယ့် ငါးနှစ်တာသက်တမ်းမှာ ပြန်လည်တာဝန်ထမ်း ဆောင်ခွင့်ရနိုင်ချေဟာ အင်မတန်နည်းပါးပါတယ်။

လာမယ့် ငါးနှစ်တာကာလ အန်အယ်လ်ဒီရဲ့ အစိုးရသစ်ရွေးချယ်ဖွဲ့စည်းမှုမှာ အဓိကကြသူတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ သတင်းစကားအရဆိုရင်လည်း အစိုးရသစ်ဖွဲ့စည်းမှုမှာ ပြည်သူလူထုထံက စကားသံကို နားထောင် ထည့်သွင်းစဉ်းစားပြီး ဖွဲ့စည်းသွား မယ်လို့ ကြားသိရပါတယ်။

ဒါကြောင့် လာမယ့် ငါးနှစ်တာကာလအတွက် အန်အယ်လ်ဒီက ဖွဲ့စည်းမယ့် အစိုးရသစ်ပုံစံဟာ လှုပ်လှုပ်ရှားရှား တွန်းတွန်းတိုက် တိုက်နဲ့ နိုင်ငံရဲ့တိုးတက်မှုအရွှေ့ကို ခပ်သွက်သွက်တွန်းတင်နိုင်မယ့် သူတွေနဲ့ဖွဲ့စည်းလာမယ့် အစိုးရတစ်ရပ်ပုံစံမျိုးကို တွေ့ရှိရ မယ်လို့ မျှော်မှန်းရပါတယ်။ လက်ရှိတွေ့မြင်နေရတဲ့ အခြေအနေတွေအရလည်း အန်အယ်လ်ဒီအနေနဲ့ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲမှု အာ ဏာအဝန်းအဝိုင်းအတွင်းမှာ ဗျူဟာသစ်တစ်ရပ်ကို ပြောင်းလဲဆောင်ရွက်ဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။

အံ့ခေါင်မင်း

ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

#PeopleMedia #EPN #NLD


Share this post