• Follow Us on

Home ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

Share this post

မြစ်ကြီးနား၊ မတ် ၁၅

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ပြီး သက်သေပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးနှင့် ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြား ခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထိုသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုးအား နှစ်စဉ်ချီးမြှင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေသားကျပ် သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများ ရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ‌ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ်တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုး ပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မတ် ၁၉ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ် ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် စစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ထို့ကြောင့် ယင်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/ ၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင် ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် Ford Everest Titanium မော်တော်ယာဉ်တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်း ကန်ပြားတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post