• Follow Us on

Home ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အားပေးထောက်ခံပြီး၊ တစ်သား တည်းရပ်တည်လျှက်ရှိကြောင်း YMBA ထုတ်ပြန်

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အားပေးထောက်ခံပြီး၊ တစ်သား တည်းရပ်တည်လျှက်ရှိကြောင်း YMBA ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ (People Media)

 

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အားပေးထောက်ခံပြီး၊ တစ်သားတည်း ရပ်တည်လျှက်ရှိကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားကြောင်း၊ အဆိုပါတရားစွဲဆိုမှုအား မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတော်၏ကိုယ်စား သွားရောက်ဖြေရှင်း ခြင်းနှင့် အဆိုပါအဖွဲ့၏ ကောင်းမွန်လှသည့် ရှင်းလင်းဖြေရှင်းချက်များကို ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

 

လူနည်းစုမဟုတ်သော အကြမ်းဖက်ဘာသာရေးအစွန်းရောက်တို့မှ မြန်မာနိုင်ငံတော်၏ ပျောက်ကွယ်လု လူနည်းစု တိုင်းရင်းသားလူမျိုးစုများဖြစ်ကြသည့်  မြို၊ သက်၊ ခမီ စသည့် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးတုန်း သတ်ဖြတ်မှု၊ ဘာသာရေးလူနည်းစုဖြစ်ကြသော ဟိန္ဒူများအား အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့မှုများ၊ စသည်တို့ကို လစ်လျုရှု၍ အကြမ်းဖက်အစွန်းရောက်တို့ဘက်မှ ရပ်တည်ကာ မိမိတို့မြန်မာ နိုင်ငံတော်ကို စွပ်စွဲသော ဂမ်ဘီယာနိုင်ငံအား မိမိတို့မှ ပြင်းထန်စွာ ရှှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးနှင့် အမျိုးသားရေးစိတ် ဓာတ်ရှိကြသော ရဟန်း၊ ရှင်၊ လူ ပြည်သူနိုင်ငံသားအပေါင်းမှ အားပေးထောက်ခံလျှက် တစ်သားတည်း ရပ် တည်လျှက်ရှိကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post