• Follow Us on

Home ပြည်ထောင်စုသားသွေးချင်းများအားလုံးသည် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြ၍ ဘာသာဝင်အပေါင်းတို့အနေဖြင့် အထူးဆုတောင်းကြရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် ညွန်ကြား

ပြည်ထောင်စုသားသွေးချင်းများအားလုံးသည် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြ၍ ဘာသာဝင်အပေါင်းတို့အနေဖြင့် အထူးဆုတောင်းကြရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် ညွန်ကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၀ (People Media)

 

ပြည်ထောင်စုသား သွေးချင်းများအားလုံးသည် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသော ခေတ်ကာလ၌ ဘုန်းတော် ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ၊ ဆရာမများနှင့် ဘာသာဝင်အပေါင်းတို့အနေဖြင့် ကျွန်ုပ်သာသနာပိုင်ဆရာ တော်နှင့်အတူ အထူးဆုတောင်းကြရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် မာကုတင် ဝင်းမှ ဇန်နဝါရီလ ၈ ရက်နေ့က ညွန်ကြားလိုက်သည်။

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ စစ်မက်ဘေးစသည့် ဘေးအမျိုး မျိုးနှင့် ရင်ဆိုင်နေရ၍ ဘာသာဝင်များအားလုံးကို သာသနာပိုင်ဆရာတော်နှင့်အတူ အထူးဆုတောင်းရန် ညွန်ကြားလိုက်ခြင်းဖြစ်သည်။

 

ထိုသို့ ဆုတောင်းရာတွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာအတွင်းမှ ဘုန်းတော်ကြီးများ၊ သီလ ရှင်များနှင့် သာသာဝင်အားလုံး စနေနေ့ ညနေ ၅ နာရီမှ ၆ နာရီတွင် ကိုယ်တော်မြတ်ကိုးကွယ်ခြင်း၊ လစဉ် ပထမ တနင်္ဂနွေနေ့တွင် ငြိမ်းချမ်းရေးအတွက် မစ္ဆားပူဇော်ခြင်း၊ နေ့စဉ် မစ္ဆားပူးဇော်ခြင်းအဆိုး၌ ကောင်းချီးပေး အပြီးတွင်သော်လည်းကောင်း၊ မစ္ဆားပူဇော်ခြင်း၌ ပါဝင်ခြင်းမရှိလျှင်သော်လည်းကောင်း၊ အမိမြန်မာနိုင်ငံ အတွက် ပုပ်ရဟန်းမင်း ဖရန်စစ် အရှင်သူမြတ် ပို့သသော ဆုတောင်းမေတ္တာကို ရွတ်ဆိုဆုတောင်းရန် ညွန်ကြား လိုက်သည်။

 

ဆုတောင်းရာတွင် မိမိအဓိဌာန်ရည်ရွယ်ချက် မှန်ကန်ပြီး မွန်မြတ်နေရမည်၊ မိမိအသက်တာရှင်သန်မှု လွဲလျော် နေပါက မှန်အောင် ပြုပြင်ရမည်၊ သို့မှသာ ဆုတောင်းမေတ္တာအကျိုးသက်ရောက်ခြင်းသည် အမြန်ဆုံး အချိန်တန်လာမည်ဖြစ်ကြောင်း မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် မာကုတင်ဝင်းမှ ညွန်ကြားလိုက်သည်။

 

#PeopleMedia #ဘာသာရေး

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၁၀ (People Media)

 


 


 


 


 



Share this post