• Follow Us on

Home ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ NLD၊ USDP ပါတီအစရွိသည့္ မည္သည့္ပါတီ၏ လက္ေအာက္ခံ မဟုတ္ေၾကာင္း သူရဦးေ႐ႊမန္းေျပာၾကား

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ NLD၊ USDP ပါတီအစရွိသည့္ မည္သည့္ပါတီ၏ လက္ေအာက္ခံ မဟုတ္ေၾကာင္း သူရဦးေ႐ႊမန္းေျပာၾကား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၀

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္NLD၊USDPပါတီအစရွိသည့္မည္သည့္ပါတီ၏လက္ေအာက္ခံ မဟုက္ေၾကာင္း သူရဦးေ႐ႊမန္းေျပာၾကားလိုက္သည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္သူရဦးေ႐ႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္၌ခင္ဦးႏွင့္ေရဦးၿမိဳ႕နယ္တို႔ရွိရွိ ပါတီယာယီစည္း႐ုံးေရးတာဝန္ခံမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါ အတိုင္းေျပာဆိုခဲ့သည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ အစရွိသည့္ မည္သည့္ပါတီ၏ လက္ခြဲလည္းမဟုတ္၊ လက္ေအာက္ခံလည္းမဟုတ္၊ ဆရာလည္းမဟုတ္ပါေၾကာင္း၊ ကိုယ့္မူကိုယ့္လူျဖင့္ လြတ္လပ္တက္ႂကြစြာ နိုင္ငံ့အေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္နိုင္ရန္ ဖြဲ႕စည္းထားသည့္ ပါတီျဖစ္ပါေၾကာင္း၊ မည္သည့္ပုဂၢိဳလ္၊ မည္သည့္အဖြဲ႕အစည္း၏ ဩဇာခံလည္း မဟုတ္သလို ဆရာလည္းမဟုတ္ပါေၾကာင္း၊ သို႔ေသာ္ပါတီ၏ အဓိက မူဝါဒတစ္ခုမွာ “နိုင္ငံေတာ္ႏွင့္ နိုင္သားမ်ား အက်ိဳးအတြက္ မည္သည့္ပါတီ၊ မည္သည့္အဖြဲ႕အစည္းႏွင့္မဆို လက္တြဲပူးေပါင္း ေဆာင္႐ြက္မည္” ဟူ၍ျဖစ္ပါေၾကာင္း၊ယင္းမူဝါဒကို တစ္နည္းအားျဖင့္ ဆိုရလွ်င္ “နိုင္ငံေတာ္ႏွင့္နိုင္ငံသားအက်ိဳးစီးပြားကို မေဆာင္႐ြက္သည့္ မည္သည့္ပါတီ၊ မည္သည့္အဖြဲ႕၊ မည္သည့္ပုဂၢိဳလ္ႏွင့္မွ် လက္တြဲပူးေပါင္းမည္ မဟုတ္” ဟူ၍အဓိပၸာယ္ရပါေၾကာင္း သူရဦးေ႐ႊမန္းက ေျပာဆိုခဲ့သည္။

#PeopleMedia #UBP #Political

[Unicode]
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည်NLD၊USDPပါတီအစရှိသည့်မည်သည့်ပါတီ၏လက်အောက်ခံ မဟုက်ကြောင်း သူရဦးရွှေမန်းပြောကြား
………………………………………………………………………………….

ရန်ကုန်၊ဒီဇင်ဘာ-၂၀

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည်NLD၊USDPပါတီအစရှိသည့်မည်သည့်ပါတီ၏လက်အောက်ခံ မဟုက်ကြောင်း သူရဦးရွှေမန်းပြောကြားလိုက်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင်သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၌ခင်ဦးနှင့်ရေဦးမြို့နယ်တို့ရှိရှိ ပါတီယာယီစည်းရုံးရေးတာဝန်ခံများနှင့်တွေ့ဆုံစဉ် အထက်ပါ အတိုင်းပြောဆိုခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစရှိသည့် မည်သည့်ပါတီ၏ လက်ခွဲလည်းမဟုတ်၊ လက်အောက်ခံလည်းမဟုတ်၊ ဆရာလည်းမဟုတ်ပါကြောင်း၊ ကိုယ့်မူကိုယ့်လူဖြင့် လွတ်လပ်တက်ကြွစွာ နိုင်ငံ့အရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် ပါတီဖြစ်ပါကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံလည်း မဟုတ်သလို ဆရာလည်းမဟုတ်ပါကြောင်း၊ သို့သော်ပါတီ၏ အဓိက မူဝါဒတစ်ခုမှာ “နိုင်ငံတော်နှင့် နိုင်သားများ အကျိုးအတွက် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်း ဆောင်ရွက်မည်” ဟူ၍ဖြစ်ပါကြောင်း၊ယင်းမူဝါဒကို တစ်နည်းအားဖြင့် ဆိုရလျှင် “နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားကို မဆောင်ရွက်သည့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်နှင့်မျှ လက်တွဲပူးပေါင်းမည် မဟုတ်” ဟူ၍အဓိပ္ပာယ်ရပါကြောင်း သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။

Photo-UBP

#PeopleMedia #UBP #Political


Share this post