• Follow Us on

Home ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ျဖဴးၿမိဳ႕၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ျဖဴးၿမိဳ႕၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂၇

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းသည္ ပဲခူးတုိင္းေဒသႀကီး၊ ျဖဴးၿမိဳ႕ ျပည္သူ႔လႊတ္ ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ရွိေၾကာင္း ပါတီေခါင္းေဆာင္ပုုိင္းအခ်ဳိ႕က People Media သုိ႔ အတည္ျပဳေျပာဆုိသည္။

“ဥကၠ႒ႀကီးက ၂၀၁၅ ေနရာကပဲ ေရြးေကာက္ခံမွာပါ။ အခုက ေစာေနေသးပါတယ္။ ပါတီကုိယ္စားလွယ္ေလာင္း ထုတ္ျပန္တဲ့အခါ ျပည္သူမ်ားကုိ ခ်ျပေပးမွာပါ”လုိ႔ ပါတီေခါင္းေဆာင္တစ္ဦးက ေျပာသည္။

သူရဦးေရႊမန္း ေရြးေကာက္ပြဲဝင္မည့္ကိစၥရပ္ႏွင့္ပတ္သက္ၿပီး People Media မွ ျပည္ေထာင္စုေကာင္းက်ဳိး ေဆာင္ပါတီ ရန္ကုန္တုိင္းတာဝန္ခံ ဦးတင္ေမာင္ဦးထံ ဖုန္းျဖင့္ ဆက္သြယ္ရာ ဆက္သြယ္၍ မရခဲ့ပါ။

သူရဦးေရႊမန္းသည္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ၌ ျဖဴးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ၿပိဳင္ဘက္ NLD ပါတီကုိ မဲရလဒ္ကြာဟမႈမ်ားျဖင့္ ရႈံးနိမ့္ခဲ့သည္။

ထုိကဲ့သုိ႔ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျဖဴးၿမိဳ႕နယ္သည္ လာမည့္ေရြးေကာက္ပြဲ၌ ၿပိဳင္ဆုိင္မႈ ျပင္းထန္မည့္ မဲဆႏၵနယ္တစ္ခုျဖစ္လာမည္။

အဆုိပါ မဲဆႏၵနယ္၌ NLD ပါတီမွ ကုိယ္စားလွယ္ေလာင္း ဦးေက်ာ္ေအးဝင္း၊ ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ အျခား ေသာ ႏုိင္ငံေရးပါတီမ်ားက ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

#PeopleMedia #UBP #သူရဦးေရႊမန္း

(unicode)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြူးမြို့၌ ဝင်ရောက်ယှဉ်ပြိုင်မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂၇

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ပါတီခေါင်းဆောင်ပိုင်းအချို့က People Media သို့ အတည်ပြုပြောဆိုသည်။

“ဥက္ကဋ္ဌကြီးက ၂၀၁၅ နေရာကပဲ ရွေးကောက်ခံမှာပါ။ အခုက စောနေသေးပါတယ်။ ပါတီကိုယ်စားလှယ်လောင်း ထုတ်ပြန်တဲ့အခါ ပြည်သူများကို ချပြပေးမှာပါ”လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး People Media မှ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးတင်မောင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

သူရဦးရွှေမန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ဖြူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် NLD ပါတီကို မဲရလဒ်ကွာဟမှုများဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုကဲ့သို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူးမြို့နယ်သည် လာမည့်ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ်တစ်ခုဖြစ်လာမည်။

အဆိုပါ မဲဆန္ဒနယ်၌ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်အေးဝင်း၊ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြား သော နိုင်ငံရေးပါတီများက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#PeopleMedia #UBP #သူရဦးရွှေမန်း


Share this post