• Follow Us on

Home ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ၂၀၂၀ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ျပဳိင္ရန္မရွိ

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ၂၀၂၀ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ျပဳိင္ရန္မရွိ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၈

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ၂၀၂၀ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပဳိင္ရန္ မရွိေၾကာင္း ၎ကိုယ္တိုင္ေျပာၾကားလိုက္သည္။

ၾသဂုတ္လ ၈ ရက္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကက်င္းပသည့္ တိုက္႐ိုက္ထုတ္လႊင့္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားသို႔ ပါတီဥကၠ႒ သူရဦးေရႊမန္းကေျပာသည္။

“ေရြးေကာက္ပြဲ၀င္မဲ့ ၂၆၁ ၿမိဳ႕နယ္မွာ ဘယ္ျမဳိ႔နယ္ကမွပါ၀င္ယွဥ္ျပဳိင္မွာမဟုတ္ပါဘူး။ ဥကၠ႒ႀကီး မူလစဥ္း စားထားတဲ့ ေနရာ ၃ ခုရွိပါတယ္။ ဒါေပမဲ့ UBP ပါတီကေနကိုယ္စားျပဳယွဥ္ျပဳိင္ စာရင္းေပးသြင္း ႏိုင္တယ္လို႔လည္းပါတီကေၾကညာခဲ့ပါတယ္။ ဒီေနရာမွာဥကၠ႒ႀကီး ၀င္ျပဳိင္မယ္လို႔စဥ္းစားထား တာ ၃ ခုရွိပါတယ္။ အဲဒီ ၃ခုမွာ ၀င္ျပဳိင္မဲ့ ကိုယ္စားလွယ္ေလာင္းေတြေပၚလာပါတယ္။ အဲဒီကိုယ္စားလွယ္ေလာင္းမ်ား ပါ၀င္ယွဥ္ျပဳိင္ရင္ ေသခ်ာေပါက္ႏိုင္မွာ မို႔လို႔ ၀င္မျပဳိင္တာလည္းျဖစ္ပါတယ္။ ဥကၠ႒ႀကီးက ေကာင္းက်ိဳး ေဆာင္ပါတီမွာ ပါတီေအာင္ႏိုင္ေရးအတြက္ အခ်ိန္ေပးဖို႔ စဥ္းစားေပးလိုက္တာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

မူလတြင္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒အေနျဖင့္ ျဖဴးၿမိဳ႕နယ္က ၀င္ေရာက္ယွဥ္ျပဳိင္ရန္လည္း စဥ္းစားခဲ့ေၾကာင္း သူရဦးေရႊမန္းကဆိုသည္။

UBP ပါတီအေနျဖင့္ ပဲခူးတိုင္းရွိ မဲဆႏၵနယ္ေျမအားလုံးတြင္ ၀င္ေရာက္ယွဥ္ျပဳိင္သြားမည္ျဖစ္ၿပီး တိုင္းေဒသႀကီး ၆ ခုစလုံးတြင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္၊ တိုင္းရင္းသားေရးရာ ၀န္ႀကီးေနရာမ်ားပါ၀င္ေရာက္ယွဥ္ျပဳိင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“တာ၀န္ေက်တဲ့အစိုးရတစ္ရပ္ျဖစ္မွ တိုင္းျပည္နဲ႔ျပည္သူမ်ားအက်ိဳးရွိမွာျဖစ္ပါတယ္။ ၂၀၂၀ မွာျပည္သူမ်ား အတြက္ပိုေကာင္းေအာင္ အေျပာနဲ႔အလုပ္ညီၫြတ္တဲ့ပါတီကိုအေရြးမွန္လို႔အမွန္ေရြးၿပီး ေရြးေပးပါ။ UBP ပါတီကေတာ့တာ၀န္ေက်ပါမယ္လို႔ ရဲရဲႀကီး ကတိေပးပါတယ္’’ဟု သူရဦးေရႊမန္းကဆိုသည္။

#PeopleMedia

(unicode)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်မရှိ
………………………………………………

ရန်ကုန်၊ ဩဂုတ် ၈

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မရှိကြောင်း ၎င်းကိုယ်တိုင်ပြောကြားလိုက်သည်။

ဩဂုတ်လ ၈ ရက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကကျင်းပသည့် တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

“ရွေးကောက်ပွဲဝင်မဲ့ ၂၆၁ မြို့နယ်မှာ ဘယ်မြို့နယ်ကမှပါဝင်ယှဉ်ပြိုင်မှာမဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီး မူလစဉ်း စားထားတဲ့ နေရာ ၃ ခုရှိပါတယ်။ ဒါပေမဲ့ UBP ပါတီကနေကိုယ်စားပြုယှဉ်ပြိုင် စာရင်းပေးသွင်း နိုင်တယ်လို့လည်းပါတီကကြေညာခဲ့ပါတယ်။ ဒီနေရာမှာဥက္ကဋ္ဌကြီး ဝင်ပြိုင်မယ်လို့စဉ်းစားထား တာ ၃ ခုရှိပါတယ်။ အဲဒီ ၃ခုမှာ ဝင်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေပေါ်လာပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရင် သေချာပေါက်နိုင်မှာ မို့လို့ ဝင်မပြိုင်တာလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးက ကောင်းကျိုး ဆောင်ပါတီမှာ ပါတီအောင်နိုင်ရေးအတွက် အချိန်ပေးဖို့ စဉ်းစားပေးလိုက်တာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မူလတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌအနေဖြင့် ဖြူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ရန်လည်း စဉ်းစားခဲ့ကြောင်း သူရဦးရွှေမန်းကဆိုသည်။

UBP ပါတီအနေဖြင့် ပဲခူးတိုင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး ၆ ခုစလုံးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများပါဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

“တာဝန်ကျေတဲ့အစိုးရတစ်ရပ်ဖြစ်မှ တိုင်းပြည်နဲ့ပြည်သူများအကျိုးရှိမှာဖြစ်ပါတယ်။ ၂၀၂၀ မှာပြည်သူများ အတွက်ပိုကောင်းအောင် အပြောနဲ့အလုပ်ညီညွတ်တဲ့ပါတီကိုအရွေးမှန်လို့အမှန်ရွေးပြီး ရွေးပေးပါ။ UBP ပါတီကတော့တာဝန်ကျေပါမယ်လို့ ရဲရဲကြီး ကတိပေးပါတယ်’’ဟု သူရဦးရွှေမန်းကဆိုသည်။

#PeopleMedia


Share this post