• Follow Us on

Home ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကျိုက်လတ် မြို့၌ ပါတီဝင်များနှင့် တံခါးပိတ် တွေ့ဆုံ

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကျိုက်လတ် မြို့၌ ပါတီဝင်များနှင့် တံခါးပိတ် တွေ့ဆုံ

Share this post

ကျိုက်လတ်၊ စက်တင်ဘာ ၇

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက် တင်ဘာလ ၆ ရက်နေ့တွင် ကျိုက်လတ်မြို့၌ ၄င်း၏ပါတီဝင်များနှင့် တံခါး ပိတ်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို မီဒီယာများ သတင်းယူခွင့်ကို ကန့်သတ်ခဲ့ ခြင်း ကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် တိုင်းရင်းသား ဒေသများမှအ ပ မြန်မာနိုင်ငံအနှံ့အပြား၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ တိုင်းရင်းသားဒေသများမှ ဖိတ်ခေါ်မှုပြုလုပ်လျှင် အဆိုပါဒေသများကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျိုက်လတ်မြို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။


Share this post