• Follow Us on

Home ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များကို အစားထိုးပြောင်းလဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များကို အစားထိုးပြောင်းလဲ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၆ ဦးအနက် ၂ ဦးကို အစားထိုးပြောင်းလဲကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်း ထုတ်ပြန်သည်။

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေညာပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးခြင်းဟု ကြေညာချက်တစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ပြီး အဆို ပါထုတ်ပြန်ကြေညာချက်တွင် ဦးသိန်းစိုး(ဥက္ကဋ္ဌ)၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း စသည့်လူပုဂ္ဂိုလ် ၆ ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ၆ ဦးအနက် ဦးသောင်းတင်၊ ဦးကျောက်တို့ အဖွဲ့ဝင် ၂ ဦးနေရာတွင် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး စသည့် လူပုဂ္ဂိုလ် ၂ ဦးကို အစားထိုးခန့်အပ်ခဲ့သည်။

 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အ နေဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် နေပြည်တော်၌တွေ့ဆုံသွားရန်လည်း ရှိနေသည်။

 

#PeopleMedia#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

(unicode)

………………………………………………………








Share this post