• Follow Us on

Home ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ထပ်မံတိုးချဲ့ခန့်အပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ထပ်မံတိုးချဲ့ခန့်အပ်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ (People Media)

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ထပ်မံဖွဲ့စည်းရန်လိုအပ် ချက်အရ အဖွဲ့ဝင် ၆ ဦးကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ယနေ့တွင် ထုတ်ပြန် ကြေငြာသည်။

 

ဖွဲ့စည်းပုံအခြေဥပဒေအရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦး ခင်မောင်ဦး၊ ဒေါ်နုမြစံ၊ ဦးမြင့်သိန်း၊ ဒေါက်တာဘမောင်စသည့် လူပုဂ္ဂိုလ်များအပါအဝင် တိုင်းရင်းသား လူ ပုဂ္ဂိုလ်များကို ထပ်မံတိုးချဲ့ကာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖွဲ့စည်းပုံအရ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၁၄ ဦးအထိ ခန့်အပ်နိုင်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် ၁၂ ဦး ဥက္ကဋ္ဌတစ်ဦးကိုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ခန့်အပ်နိုင်သေးသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၆ ဦးအနက် ၂ ဦးကို အစားထိုး ပြောင်းလဲကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #UEC

 

(unicode)

………………………………..






#PeopleMedia #UEC


Share this post