• Follow Us on

Home ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ႏွင့္ Facebook ဒါ႐ုိက္တာ အဖြဲ႕ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေတြ႔ဆံုေဆြးေႏြး

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ႏွင့္ Facebook ဒါ႐ုိက္တာ အဖြဲ႕ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေတြ႔ဆံုေဆြးေႏြး

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၉

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းသည္ Facebook ၏ Director of Public Policy for Southeast Asia ျဖစ္သူ Mr. Rafael Frankel ႏွင့္အဖြဲ႕အား ယမန္ေန႔နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ လက္ခံေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူလူထု အသိပညာေပးျခင္း (Civic Education) ႏွင့္ မဲဆႏၵရွင္အသိပညာေပးျခင္း (Voter Education) တို႔အတြက္ Facebook မွ ကူညီေဆာင္ရြက္ေပးႏိုင္မည့္ လုပ္ငန္းစဥ္မ်ား၊ ေရြးေကာက္ပြဲဆိုင္ရာ သတင္းအမွားမ်ား၊ အမုန္း စကားမ်ား၊ သတင္းအတုအေယာင္မ်ား ကာကြယ္တားဆီးႏိုင္မည့္ အစီအစဉ္မ်ား၊ ေရြးေကာက္ပြဲဆိုင္ရာ သတင္းမွန္ျပန္ၾကားေရးအတြက္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲသို႔ ေကာ္မရွင္အဖြဲ႕ဝင္မ်ားႏွင့္ ေကာ္မရွင္႐ုံးမွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(unicode)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် Facebook ဒါရိုက်တာ အဖွဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေး
…………………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Facebook ၏ Director of Public Policy for Southeast Asia ဖြစ်သူ Mr. Rafael Frankel နှင့်အဖွဲ့အား ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးခြင်း (Civic Education) နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း (Voter Education) တို့အတွက် Facebook မှ ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားများ၊ အမုန်း စကားများ၊ သတင်းအတုအယောင်များ ကာကွယ်တားဆီးနိုင်မည့် အစီအစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန်ပြန်ကြားရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။


Share this post