• Follow Us on
Latest News

Home ပြည်မြို့ရှိ ဇောတိကာရုံနာယကဆရာတော်ကြီး COVID-19 ရောဂါကြောင့် ပျံလွန်တော်မူ

ပြည်မြို့ရှိ ဇောတိကာရုံနာယကဆရာတော်ကြီး COVID-19 ရောဂါကြောင့် ပျံလွန်တော်မူ

Share this post

ပြည်၊ ဇူလိုင် ၂၂ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အတွင်းရှိ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၏ နာယကဆရာတော် သက်တော်(၉၃)နှစ် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ကုဏ္ဍလဇောတိမထေရ်မြတ်သည် COVID-19 ရောဂါကြောင့် ပျံလွန်တော်မူသွားသည်။

 

“ဆရာတော်ကြီးက ကူးစက်ခံရတာ လေးငါးရက်လောက်တော့ရှိပြီပေါ့။ မနေ့ည ၁၁ နာရီခွဲလောက်က ပျံလွန် တော် မူသွားတာပါ” ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဆရာတော်တစ်ပါးမှ People Media သို့ မိန့်ကြားသည်။

 

ဆရာတော်ကြီးမှာ ဇူလိုင်လ ၁၅ ရက်နေ့က COVID-19 ရောဂါပိုးကို စတင်တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူနေရင်း ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် Lock Down ချထားသည်။

 

ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ရဟန်း သံဃာ ၅၀ နီးပါး သီတင်းသုံး နေထိုင်လျှက်ရှိသည်။

 

#PeopleMedia #Covid-19

 

(unicode)


……………………………………………….

 


 


 


 


 


 

#PeopleMedia #Covid-19


Share this post