• Follow Us on

Home ျပည္ၿမိဳ႕၌ သာသနဓမၼဂုဏ္ရည္ေက်ာင္းတိုက္အမည္ပါယာဥ္ျဖင့္ ခိုးဝင္လာသည့္ ဘဂၤါလီ(၁၃)ဦး ဖမ္းမိ၊ ဘဂၤါ လီမ်ားကို ေခၚေဆာင္လာသည့္ သကၤန္းဝတ္အမ်ဳိးသားႏွင့္ ယာဥ္ေမာင္းကို ဖမ္းမိျခင္းမရွိ

ျပည္ၿမိဳ႕၌ သာသနဓမၼဂုဏ္ရည္ေက်ာင္းတိုက္အမည္ပါယာဥ္ျဖင့္ ခိုးဝင္လာသည့္ ဘဂၤါလီ(၁၃)ဦး ဖမ္းမိ၊ ဘဂၤါ လီမ်ားကို ေခၚေဆာင္လာသည့္ သကၤန္းဝတ္အမ်ဳိးသားႏွင့္ ယာဥ္ေမာင္းကို ဖမ္းမိျခင္းမရွိ

Share this post

 

ရန္ကုန္၊ ဒီဇင္ဘာ – ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕၌ သာသနဓမၼဂုဏ္ရည္ေက်ာင္းတိုက္အမည္ပါ ယာဥ္ျဖင့္ ခိုးဝင္လာသည့္ ဘဂၤါလီ (၁၃)ဦးကို ဖမ္းဆီးႏိုင္ခဲ့ေသာ္လည္း ဘဂၤါလီမ်ားကို ေခၚေဆာင္လာသည့္ သကၤန္းဝတ္အမ်ဳိးသားႏွင့္ ယာဥ္ ေမာင္းကို ဖမ္းမိျခင္းမရွိေသးေၾကာင္း ျပည္ၿမိဳ႕သက္ဆိုင္ရာရဲတပ္ဖြဲ႕က People Media ကို အတည္ျပဳ ေျပာဆို ခဲ့ပါတယ္။

အဆိုပါ ဘဂၤါလီမ်ားကို သယ္ေဆာင္လာသည့္ ယာဥ္၏ ယာဥ္နံပါတ္ျပားသည္ RLG-7015 ဟု ေဖာ္ျပထားပါ တယ္။

ယာဥ္၏ ေရွ႕ေနာက္ ေလကာမွန္မ်ား၌ သာသနဓမၼဂုဏ္ရည္ေက်ာင္းတိုက္ဟူ၍ စေတကာ ကပ္ထားပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က ျပည္ၿမိဳ႕ရွိ သက္ဆိုင္ရာရဲတပ္ဖြဲ႕၏ တာဝန္ရွိသူတစ္ဦးကို ဆက္ သြယ္ေမးျမန္းရာ

“သယ္လာတဲ့သူက ဘုန္းႀကီးေတြ ကားျဖစ္ေနတယ္။ ဘုန္းႀကီးေတြ ကားျဖတ္ေတာ့ ယာဥ္စစ္တဲ့ဂိတ္ေတြကို အစစ္ေဆးမရွိ ျဖတ္ေက်ာ္လာႏိုင္တယ္။ ေခၚေဆာင္လာတဲ့ ဘုန္းႀကီးနဲ႔ ယာဥ္ေမာင္းကို ဆက္လက္ရွာေဖြေန ပါတယ္” လို႔ People Media ကို ေျပာပါတယ္။

ဆက္လက္ၿပီး People Media က ျပည္ၿမိဳ႕ တိုင္းအမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကို ဆက္သြယ္ေမးျမန္းရာ

“ဘဂၤါလီ ၁၃ ဦး ဖမ္းမိပါတယ္။ COVID နဲ႔ပတ္သက္ၿပီး စစ္ေဆးမႈေတြ လက္ရွိ ေဆာင္ရြက္ေနပါတယ္” လို႔ ေျပာပါတယ္။

Photo – Credit

#PeopleMedia #ျပည္ၿမိဳ႕ #ဘဂၤါလီ #သကၤန္းဝတ္အမ်ဳိးသား

(unicode)
ပြည်မြို့၌ သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်အမည်ပါယာဉ်ဖြင့် ခိုးဝင်လာသည့် ဘင်္ဂါလီ(၁၃)ဦး ဖမ်းမိ၊ ဘင်္ဂါ လီများကို ခေါ်ဆောင်လာသည့် သင်္ကန်းဝတ်အမျိုးသားနှင့် ယာဉ်မောင်းကို ဖမ်းမိခြင်းမရှိ ………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်အမည်ပါ ယာဉ်ဖြင့် ခိုးဝင်လာသည့် ဘင်္ဂါလီ (၁၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ဘင်္ဂါလီများကို ခေါ်ဆောင်လာသည့် သင်္ကန်းဝတ်အမျိုးသားနှင့် ယာဉ် မောင်းကို ဖမ်းမိခြင်းမရှိသေးကြောင်း ပြည်မြို့သက်ဆိုင်ရာရဲတပ်ဖွဲ့က People Media ကို အတည်ပြု ပြောဆို ခဲ့ပါတယ်။

အဆိုပါ ဘင်္ဂါလီများကို သယ်ဆောင်လာသည့် ယာဉ်၏ ယာဉ်နံပါတ်ပြားသည် RLG-7015 ဟု ဖော်ပြထားပါ တယ်။

ယာဉ်၏ ရှေ့နောက် လေကာမှန်များ၌ သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟူ၍ စတေကာ ကပ်ထားပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ပြည်မြို့ရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကို ဆက် သွယ်မေးမြန်းရာ

“သယ်လာတဲ့သူက ဘုန်းကြီးတွေ ကားဖြစ်နေတယ်။ ဘုန်းကြီးတွေ ကားဖြတ်တော့ ယာဉ်စစ်တဲ့ဂိတ်တွေကို အစစ်ဆေးမရှိ ဖြတ်ကျော်လာနိုင်တယ်။ ခေါ်ဆောင်လာတဲ့ ဘုန်းကြီးနဲ့ ယာဉ်မောင်းကို ဆက်လက်ရှာဖွေနေ ပါတယ်” လို့ People Media ကို ပြောပါတယ်။

ဆက်လက်ပြီး People Media က ပြည်မြို့ တိုင်းအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ဆက်သွယ်မေးမြန်းရာ

“ဘင်္ဂါလီ ၁၃ ဦး ဖမ်းမိပါတယ်။ COVID နဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ လက်ရှိ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

Photo – Credit

#PeopleMedia #ပြည်မြို့ #ဘင်္ဂါလီ #သင်္ကန်းဝတ်အမျိုးသား


Share this post