• Follow Us on

Home ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အင်တာဗျူးခွင့် ပိတ်ပင်


Share this post

နေပြည်တော်၊မေ-၃





ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အင်တာဗျူးခွင့် ပိတ်ပင်
…………………………………………………………………………

နေပြည်တော်၊မေ-၃

ယခုလ ၁၈ ရက်တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ သမားသမားများ မည်သူကိုမျှတွေဆုံမေးမြန်းခြင်းမပြုလုပ်ရဟု ပြည်ထောင်စုလွှတ်တော်ရုံးမှ ယမန်နေ့ကထုတ်ပြန်သည်။

ထို့အပြင် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွေသို့ သတင်းဌာနတစ်ခုလျှင် သတင်းသမားတစ်ဦးသာ တက်ရောက်သတင်းရယူခွင့်ပြုပြီး သတင်းရယူမည့် သတင်းသမားအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားမှုမရှိ/မရှိ ကြိုတင်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

သတင်းရယူမည့် သတင်းသမားများအနေဖြင့် ရန်ကုန် သို့မဟုတ် နေပြည်တော်၌ COVID-19 ရောဂါပိုး ရှိ/မရှို စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး သတင်းယူမည့်သူ၏အမည်စာရင်းကို သတ်မှတ်ကြေညာထားသည့် ပုံစံအတိုင်းဖြည့်စွက်ပြီး မေလ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍[email protected] သို့မဟုတ် fax 067-591187 သို့ပေးပို့ရမည်ဖြစ်သည်။

#PeopleMedia #ပြည်ထောင်စုလွှတ်တော် #MPI


Share this post