• Follow Us on
Latest News

Home ပြန်လာမည်ဟုကတိပြုပြီး အိမ်ဖြူတော်မှ ထရမ့်ထွက်ခွာ

ပြန်လာမည်ဟုကတိပြုပြီး အိမ်ဖြူတော်မှ ထရမ့်ထွက်ခွာ

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိမ်ဖြူတော်မှ သမ္မတအဖြစ် နောက်ဆုံးထွက်ခွာလာပြီးနောက် ပုံစံတမျိုးဖြင့်ပြန်လာမည်ဟု အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ် ထရမ့်က ကတိပြုသည်။

သမ္မတဖြစ်ရခြင်းသည် ဂုဏ်ယူစရာဖြစ်သည်ဟု ဖလော်ရီဒါပြည်နယ်သို့ပျံသန်းသွားရာတွင် ထောက်ခံသူများကို မစ္စတာ ထရမ့်ကပြောသည်။

ကြိုတင်ရေးသားထားခြင်းမဟုတ်သည့်မိန့်ခွန်းတွင် သူ့အစိုးရလက်ထက်၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်းဈ အာကာသတပ်ဖွဲ့တည်ထောင်ခဲ့ခြင်း၊ စစ်ပြန်များအတွက်မူဝါဒများချမှတ်ပေးနိုင်ခြင်း၊ အကောက်ခွန်မူဝါဒများသာမက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများအမြန်ရလာခြင်းစသည်တို့ကိုကိုးကားပြီး အံ့သြဖွယ်အောင်မြင်မှုများကို သူကမီးမောင်းထိုးပြခဲ့သည်။

ဆိုးရွားသည့်ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ သတိထားရန် နိုင်ငံသားများကို တိုက်တွန်းခဲ့ပြီး ထိခိုက်ခံစား ခဲ့ရသူများကို လေးစားမှုရှိကြောင်းလည်းပြောသည်။

၁၈၆၉ ခုနှစ်နောက်ပိုင်း သမ္မတအဖြစ်ဆက်ခံသူ၏ကျမ်းကျိန်သည့်အခမ်းအနားကိုရှောင်လွှဲခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာသော်လည်း အစိုးရအဖွဲ့သစ်ကံကောင်းရန်နှင့် အောင်မြင်မှုရစေရန်ဆုတောင်းပေး သည်ဟု ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတသစ်အဖြစ် ဂျိုး ဘိုင်ဒန်က ကျမ်းကျိန်သစ္စာပြုခဲ့သည်။

ယခုလအစောပိုင်းတွင် လွှတ်တော်အဆောက်အဦကို ထရမ့်ထောက်ခံသူများကဝင်စီးနင်းပြီးနောက် ကျမ်းကျိန် သည့်အခမ်းအနားကို အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀၀ ခန့်ကစောင့်ကြပ်ခဲ့သည်။

Ref : Biden inauguration: Trump leaves White House vowing ‘we will be back’

#PeopleMedia

(unicode)
………………………………









Ref : Biden inauguration: Trump leaves White House vowing ‘we will be back’

#PeopleMedia


Share this post