• Follow Us on

Home ျဖဴးၿမိဳ႕နယ္၌ တရားမ၀င္သစ္မ်ား သယ္ေဆာင္လာသည့္ ေမာင္းသူမဲ့ ဆယ္ဘီးယာဥ္ ဖမ္းဆီးခံရ

ျဖဴးၿမိဳ႕နယ္၌ တရားမ၀င္သစ္မ်ား သယ္ေဆာင္လာသည့္ ေမာင္းသူမဲ့ ဆယ္ဘီးယာဥ္ ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ (၁၁၁/၄) ဖာလံုအနီးတြင္ တရားမ၀င္သစ္မ်ား သယ္ေဆာင္လာသည့္ ေမာင္းသူမဲ့ဆယ္ဘီးယာဥ္တစ္စီးကို ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွာ ျပည္သူ႔ပူးေပါင္းပါ၀င္မႈျဖင့္ လူထုအေျချပဳေစာင့္ၾကပ္ၾကည့္႐ႈ သတင္းပို႔စနစ္ CMRS ျဖင့္ သတင္းေပးပို႔ခ်က္အရ ဒီဇင္ဘာ ၇ ရက္ေန႔တြင္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးခ႐ိုင္ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ား၊ သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္းရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေမာ္ေတာ္ယာဥ္ အမွတ္ (7E-6860)Nissan Diesel (UD) အျဖဴ ေရာင္(၁၀)ဘီးကားေပၚမွ တရားမဝင္ ပိေတာက္ခြဲသား (၅၅)ေခ်ာင္း (၉.၉၉၆၂) တန္အား ဖမ္းဆီးရမိခဲ့ေၾကာင္း သစ္ေတာဌာနမွ ထုတ္ျပန္ထားသည္။

ဆက္လက္ၿပီး ယင္းႏွင့္ဆက္စပ္ပတ္သက္ေသာ တရားခံမ်ားအား စုံစမ္းရွာေဖြ ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္ေဖာ္ျပပါရွိသည္။

#PeopleMedia

(unicode)
ဖြူးမြို့နယ်၌ တရားမဝင်သစ်များ သယ်ဆောင်လာသည့် မောင်းသူမဲ့ ဆယ်ဘီးယာဉ် ဖမ်းဆီးခံရ
……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၁၁/၄) ဖာလုံအနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် မောင်းသူမဲ့ဆယ်ဘီးယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ပြည်သူ့ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မော်တော်ယာဉ် အမှတ် (7E-6860)Nissan Diesel (UD) အဖြူ ရောင်(၁၀)ဘီးကားပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၅)ချောင်း (၉.၉၉၆၂) တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဌာနမှ ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ယင်းနှင့်ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်ဖော်ပြပါရှိသည်။

#PeopleMedia


Share this post