• Follow Us on

Home မြင်းမူမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများသည် PDF များ၏ ခြိမ်းခြောက်မှုကြောင့် CDM ပြုလုပ်နေရ

မြင်းမူမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများသည် PDF များ၏ ခြိမ်းခြောက်မှုကြောင့် CDM ပြုလုပ်နေရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးသည် PDF အဖွဲ့များ၏ ခြိမ်းခြောက်မှု ကြောင့် CDM ပြုလုပ်မှုများ မြင့်တက်လာတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

လက်ရှိအချိန်၌ PDF အဖွဲ့များသည် ဝန်ထမ်းများ အနေဖြင့် CDM မပြုလုပ်လျက် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝန်များ၏ အသက်ကို အာမမခံနိုင်ကြောင်း ခြိမ်းခြောက်မှုများ ရှိနေတယ်လို့ နိုင်ငံဝန်ထမ်းအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

“PDF တွေကို ကြောက်လို့ အပူပိုင်းဒေသစိမ်းလမ်းစိုပြေရေးဦးစီးဌာန တောအုပ်ကြီးတောင် တာဝန်ကနေ ထွက်စာတင်သွားပြီ။ အခြေအနေက အဲ့ဒီလိုတွေ ဖြစ်နေပြီ။ PDF တွေက ပထမအုပ်ကြီးတွေကို ဖိအား ပေးတယ်။ အခု နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်လာပြီ။ တပ်က လုံခြုံရေးကို ရပ်ရွာနဲ့ ပူးပေါင်းပြီး မဆောင်ရွက်ရန် ဘာမှ ထူးမလာဘူး။ တပ်က ဒီနေ့ ရွာထဲဝင်ရင် PDF က ရွာပြင်ထွက်တယ်။ တပ်က ပြန်ရင် PDF က ရွာထဲရောက် တယ်” လို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးရှိ PDF အဖွဲ့များသည် မြို့နယ်အသီးသီးရှိ PDF အဖွဲ့များနှင့်ချိတ် ဆက်ပြီး နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိနေတယ်လို့ CDM ပြုလုပ်ခဲ့ရသည့် ဝန်ထမ်တစ်ဦးထံမှ သိရပါတယ်။

 

#PeopleMedia #မြင်းမူမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post