• Follow Us on

Home မြင်းမူမြို့နယ်၌ ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး လုပ်ကြံခံရ၍ သေဆုံး

မြင်းမူမြို့နယ်၌ ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး လုပ်ကြံခံရ၍ သေဆုံး

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်ခိုင်ဖြိုးပါတီဝင်များသည် မကြာခဏလုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များ ပေါ် ပေါက်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်နေ့၌  မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်းရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ထပ်မံလုပ်ကြံခံရ၍ သေဆုံးသွားကြောင်း သိရပါတယ်။

 

မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်းရွာကနေထိုင်သူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဖိုးဇော်သည် နေအိမ်သို့ ပြန်လာစဉ်တွင် မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်းရွာအဝင်လမ်းတွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

“သေဆုံးတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က လုပ်ကြံတာလို့လည်း ပြော ကြပါတယ်။ သေဆုံးမှုဖြစ်စဉ်အသေးစိတ်ကတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၃၀၀ ကျော် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီး ၄၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #USDP #လုပ်ကြံသတ်ဖြတ်ခံရ

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post