• Follow Us on

Home ျမင္းမူၿမိဳ႕၊ တိုးဂိတ္အား ဖယ္ရွားေပးရန္ ဆႏၵထုတ္ေဖာ္

ျမင္းမူၿမိဳ႕၊ တိုးဂိတ္အား ဖယ္ရွားေပးရန္ ဆႏၵထုတ္ေဖာ္

Share this post

ျမင္းမူ၊ ဒီဇင္ဘာ – ၂၃

စစ္ကိုင္းခ႐ိုင္၊ ျမင္းမူၿမိဳ႕၊ ၿမိဳ႕ဧရိယာအတြင္းရွိ တိုးဂိတ္အား ဖယ္ရွားေပးရန္ ယေန႔နံနက္ ၉ နာရီအခ်ိန္က စတင္ ၍ လူဦးေရ ၁၀၀ ခန္႔၊ ယာဥ္အစီးေရ ၅၀ ခန္႔ျဖင့္ အဆိုပါတိုးဂိတ္ေရွ႕တြင္ လာေရာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

”ျမင္းမူၿမိဳ႕နယ္ ေျမာင္ဘက္ကလာတဲ့ ကားေတြအသုံးျပဳတာက ထီးေဆာင္ရြာကေန တိုးဂိတ္နဲ႔ ႏွစ္မိုင္အျပင္ ပိုမရွိဘူး။ သို႔ေပမယ္ သူတို႔သည္ မႏၲေလးေၾကးေဆာင္ေနရတယ္၊ စလစ္ပါမလာတဲ့အတြက္ ေဆာင္ေနရတယ္ ေဆာင္ၿပီး ျမင္းမူကို ေစ်းလာဝယ္ရတယ္၊ သီးႏွံေရာင္းလာတယ္၊ ျပန္ေတာ့လည္း ျမင္းမူကေန လာေပမယ့္ လည္း ထပ္ေဆာင္ရတယ္။ အဲဒါက ျမင္းမူၿမိဳ႕ေျမာက္ပိုင္းက ခံစားခ်က္၊ ကြၽန္ေတည္တို႔ၿမိဳ႕ေပၚက ခံစားခ်က္ ေတြသည္ ကုန္ကားဆိုတာ ကုန္ရွိတဲ့ေနရာသြားတင္ရတာ အဲလိုသြားတင္ရေတာ့ျမင္းမူ ေဒသခံမွန္ပါလ်က္နဲ႔ ျမင္းမူကိုေက်ာ္ၿပီးကုန္တင္ခဲ့ရင္ မုံရြာေၾကးပါ ထပ္ေကာက္ပါတယ္။ ကြၽန္ေတာ္တို႔သည္ ေဒသခံ ျမင္းမူကား ျဖစ္တဲ့အတြက္ မေပးေဆာင္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ၿမိဳ႕ေပၚမွာရွိတဲ့ လုပ္ငန္းသုံးကားေတြ ေဒသခံကားေတြ အားလုံးဟာ တိုးဂိလ္ႀကီးရွိေနတဲ့အတြက္ အတားအဆီးတစ္ခုလို ျဖစ္ေနတယ္။ ေဒသခံေတြရဲ႕ စီးပြာေရးလူမႈ ေရးအားလုံး အေနာက္အယွက္ျဖစ္ေနတဲ့အတြက္ ဆႏၵျပရျခင္းျဖစ္ပါတယ္”ဟု ဦးေဆာင္ဆႏၵျပသူဦးမင္းမင္းစိန္ ကေျပာသည္။

”မေန႔ကကို ဦးေဆာင္ဆႏၵျပတဲ့အဖြဲ႕နဲ႔ သက္ဆိုင္ရာဌာနနဲ႔ ေရႊေတာင္ကုမၸဏီတို႔နဲ႔ လိုအပ္ခ်က္ေတြ ေပါင္းစပ္ညႇိ ႏႈိင္းေပးဖို႔ ေဆာင္ရြက္ေပးပါတယ္။ သူတို႔က ကားသမားေတြစုဖို႔ အခက္အခဲျဖစ္သြားလို႔ မေတြ႕ျဖစ္တာ၊ အခု ဆႏၵထုတ္ေဖာ္တဲ့ကိစၥကိုလည္း ကြၽန္ေတာ္တို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီကေန၊ ခ႐ိုင္စီမံခန္႔ခြဲမႈ ေကာ္မတီကို တင္ျပထားၿပီျဖစ္ပါတယ္။ ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီကေန အစိုးရဖြဲ႕ကို ဆက္ၿပီးတင္ျပမွာပါ ျဖစ္ပါတယ္”ဟု ျမင္းမူၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးတင္ေအာင္လြင္က ေျပာသည္။

စစ္ကိုင္း – မုံရြာကားလမ္းပိုင္း၊ လမ္းအသုံးျပဳခမ်ားကို ေရႊေတာင္ဟိုက္ေဝးကုမၸဏီမွ BOT စနစ္ျဖင့္ ေကာက္ခံ လ်က္ရွိေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
မြင်းမူမြို့၊ တိုးဂိတ်အား ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်
………………………………………………

မြင်းမူ၊ ဒီဇင်ဘာ – ၂၃

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ မြို့ဧရိယာအတွင်းရှိ တိုးဂိတ်အား ဖယ်ရှားပေးရန် ယနေ့နံနက် ၉ နာရီအချိန်က စတင် ၍ လူဦးရေ ၁၀၀ ခန့်၊ ယာဉ်အစီးရေ ၅၀ ခန့်ဖြင့် အဆိုပါတိုးဂိတ်ရှေ့တွင် လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

”မြင်းမူမြို့နယ် မြောင်ဘက်ကလာတဲ့ ကားတွေအသုံးပြုတာက ထီးဆောင်ရွာကနေ တိုးဂိတ်နဲ့ နှစ်မိုင်အပြင် ပိုမရှိဘူး။ သို့ပေမယ် သူတို့သည် မန္တလေးကြေးဆောင်နေရတယ်၊ စလစ်ပါမလာတဲ့အတွက် ဆောင်နေရတယ် ဆောင်ပြီး မြင်းမူကို ဈေးလာဝယ်ရတယ်၊ သီးနှံရောင်းလာတယ်၊ ပြန်တော့လည်း မြင်းမူကနေ လာပေမယ့် လည်း ထပ်ဆောင်ရတယ်။ အဲဒါက မြင်းမူမြို့မြောက်ပိုင်းက ခံစားချက်၊ ကျွန်တေည်တို့မြို့ပေါ်က ခံစားချက် တွေသည် ကုန်ကားဆိုတာ ကုန်ရှိတဲ့နေရာသွားတင်ရတာ အဲလိုသွားတင်ရတော့မြင်းမူ ဒေသခံမှန်ပါလျက်နဲ့ မြင်းမူကိုကျော်ပြီးကုန်တင်ခဲ့ရင် မုံရွာကြေးပါ ထပ်ကောက်ပါတယ်။ ကျွန်တော်တို့သည် ဒေသခံ မြင်းမူကား ဖြစ်တဲ့အတွက် မပေးဆောင်နိုင်ပါဘူး။ ကျွန်တော်တို့ မြို့ပေါ်မှာရှိတဲ့ လုပ်ငန်းသုံးကားတွေ ဒေသခံကားတွေ အားလုံးဟာ တိုးဂိလ်ကြီးရှိနေတဲ့အတွက် အတားအဆီးတစ်ခုလို ဖြစ်နေတယ်။ ဒေသခံတွေရဲ့ စီးပွာရေးလူမှု ရေးအားလုံး အနောက်အယှက်ဖြစ်နေတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဦးဆောင်ဆန္ဒပြသူဦးမင်းမင်းစိန် ကပြောသည်။

”မနေ့ကကို ဦးဆောင်ဆန္ဒပြတဲ့အဖွဲ့နဲ့ သက်ဆိုင်ရာဌာနနဲ့ ရွှေတောင်ကုမ္ပဏီတို့နဲ့ လိုအပ်ချက်တွေ ပေါင်းစပ်ညှိ နှိုင်းပေးဖို့ ဆောင်ရွက်ပေးပါတယ်။ သူတို့က ကားသမားတွေစုဖို့ အခက်အခဲဖြစ်သွားလို့ မတွေ့ဖြစ်တာ၊ အခု ဆန္ဒထုတ်ဖော်တဲ့ကိစ္စကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီကို တင်ပြထားပြီဖြစ်ပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ အစိုးရဖွဲ့ကို ဆက်ပြီးတင်ပြမှာပါ ဖြစ်ပါတယ်”ဟု မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်အောင်လွင်က ပြောသည်။

စစ်ကိုင်း – မုံရွာကားလမ်းပိုင်း၊ လမ်းအသုံးပြုခများကို ရွှေတောင်ဟိုက်ဝေးကုမ္ပဏီမှ BOT စနစ်ဖြင့် ကောက်ခံ လျက်ရှိကြောင်း သိရသည်။

#PeopleMedia


Share this post