• Follow Us on

Home မြင်းခြံမြို့နယ်တွင် သားဖွားဆရာမ(ငြိမ်း)နှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရ၍ သေဆုံး

မြင်းခြံမြို့နယ်တွင် သားဖွားဆရာမ(ငြိမ်း)နှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာရှိ ကျေးလက်ဆေးပေးခန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်က အငြိမ်းစားသားဖွားဆရာမနှင့် ၎င်း၏ သားဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

အငြိမ်းစားသားဖွားဆရာမ (၆၃) နှစ်နှင့် ၎င်း၏ သားဖြစ်သူ (၄၀) နှစ်တို့ မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာ ဆေးခန်းအတွင်း၌ ရှိနေစဉ်အတွင်း PDF အကြမ်းဖက်သမား ၅ ဦးခန့် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်သွားခဲ့သဖြင့် ၎င်းတို့ (၂) ဦးလုံး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 

#PeopleMedia


Share this post