• Follow Us on

Home မြင်းခြံမြို့ ဧရာဝတီသွေးလှူရှင်ဥက္ကဋ္ဌ ဦးကိုနီ၏ သားဖြစ်သူနှင့် ၎င်း၏ ညီဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရပြီး သေနတ်ဒဏ်ရာဖြင့် သားဖြစ်သူ သေဆုံး

မြင်းခြံမြို့ ဧရာဝတီသွေးလှူရှင်ဥက္ကဋ္ဌ ဦးကိုနီ၏ သားဖြစ်သူနှင့် ၎င်း၏ ညီဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရပြီး သေနတ်ဒဏ်ရာဖြင့် သားဖြစ်သူ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁ (People Media)
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ချောင်းဒေါင်းကျေးရွားမှ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီ၏ သားဖြစ်သူနှင့် ၎င်း၏ ညီဖြစ်သူတို့သည် နေအိမ်၌ သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး သားဖြစ်သူ သေဆုံးသွားတယ်လို့ ဦးကိုနီက People Media ကို ပြောဆိုခဲ့သည်။
ချောင်းဒေါင်းကျေးရွားရှိ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီ၏ အိမ်ကို ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း က အမည်မသိလက်နက်ကိုင်များက ဆိုင်ကယ် ၄ စီးနှင့် လူ ၈ ယောက်ဖြင့် လာရောက်ခဲ့ပြီး ကာယကံရှင် ဦးကိုနီ မတွေ့ရှိသည့်အတွက် သားဖြစ်သူနှင့် ၎င်း၏ ညီဖြစ်သူတို့ကို သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်မတွေ့တော့ သားနဲ့ ညီကို သေနတ်နဲ့ပစ်သွားတယ်ဗျာ။ မနေ့က ည ၈ နာရီအချိန်မှာ ကျွန်တော် ထမင်းစားနေတာ။ ကျွန်တော်နာမည်ခေါ်တော့ တူမကနေထွက်ကြည့်တာ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း နောက် ဖေးကနေ ထွက်ပြေးခဲ့တယ်။ ကျွန်တော်ရှောင်ပြေးပြီး မကြာမှီ ဝင်လာပြီး သေနတ်တွေနဲ့ ချိန်ထားတယ် အိမ်ထဲမှာရှိတဲ့လူတွေအကုန်ထွက် မထွက်ရင် ပစ်မယ်ဆိုပြီး ကျွန်တော်သားရယ် ကျွန်တော်ညီရယ် ဘေး အိမ်က ကောင်လေးတစ်ယောက်ရယ် တလင်းပြင်မှာ မှောက်ခိုင်းပြီး ကျွန်တော်သားနဲ့ ညီကို သေနတ်နဲ့ တစ်ယောက် တစ်ချက်စီ ပစ်သတ်သွားတယ်” လို့ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၎င်း၏ သားဖြစ်သူ ဆေးရုံအရောက်တွင် သေဆုံးသွားပြီး ၎င်း၏ ညီဖြစ်သူသည် စက်တင်ဘာ ၁ ရက်နေ့အထိ ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်းသိရသည်။
(unicode)
မွငျးခွံမွို့ ဧရာဝတီသှေးလှူရှငျဥက်ကဋ်ဌ ဦးကိုနီ၏ သားဖွဈသူနှင့ျ ၎င်းငျး၏ ညီဖွဈသူ သနေတျဖွင့ျ လုပျကွံခံရပွီး သနေတျဒဏျရာဖွင့ျ သားဖွဈသူ သဆေုံး
……………………………………………………………………

Share this post